DVB Logo
Home
အားကစား
အမ်ဘာပေကို ကြောက်လန့်နေရန်မလိုဟု ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးပြော
DVB
·
March 16, 2024
အမ်ဘာပေကို ကြောက်လန့်နေရန်မလိုဟု ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးပြော
Donate to DVB

ပီအက်စ်ဂျီ တိုက်စစ်မှူးအမ်ဘာပေအနေနဲ့ လာလီဂါကို ပြောင်းရွှေ့လာမယ်ဆိုရင် ကြောက်လန့် နေဖို့ မလိုအပ်ကြောင်း ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက ပြောသွားပါတယ်။

အမ်ဘာပေဟာ ဘာစီလိုနာအသင်းရဲ့ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

လာလီဂါမှာ အမ်ဘာပေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ခမ်းနားကြီးကျယ်စရာဖြစ်လာမှာဖြစ်ပြီး အမ်ဘာပေကို ကြောက်လန့်နေဖို့တော့ မလိုအပ်ကြောင်း လီဝန်ဒေါစကီးက ဆိုပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် လီဝန်ဒေါစကီးနဲ့ အမ်ဘာပေတို့ရဲ့ အားပြိုင်မှုကိုလည်း မြင်တွေ့ရတော့မှာပါ။

လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းမှာပဲဆက်ရှိမယ်လို့လည်း လီဝန်ဒေါစကီးက ပြောသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013