DVB Logo
Home
နိုင်ငံတကာ
ပီရူးတွင် လက်နက်မှောင်ခိုဖမ်းဆီးမှု စစ်ဆင်ရေးစတင် 
DVB
·
March 15, 2024
ပီရူးတွင် လက်နက်မှောင်ခိုဖမ်းဆီးမှု စစ်ဆင်ရေးစတင် 
Donate to DVB

ပီရူးရဲတပ်ဖွဲ့ဟာ နိုင်ငံတဝန်းရှိ ဒါဇင်နဲ့ချီတဲ့ အိမ်ရာတွေကို မတ် ၁၃ ရက်က ဝင်ရောက် စီးနင်းခဲ့ပြီး တရားမဝင် လက်နက်မှောင်ခို ကူးသန်းရောင်းဝယ်ရေးနဲ့ မနှစ်တုန်းက အီကွေဒေါသမ္မတလောင်း တဦးကို သတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

ပီရူးရဲအရာရှိ ၇၀၀ လောက်ဟာ မြို့တော်လီမာရဲ့ ခရိုင် ၄ ခု အပြင် အီကွေဒေါနဲ့ ပီရူးနယ်စပ်ရှိ တွန်းမ်ဘက်စ်၊ ကာဟာမားရ်ကာနဲ့ ပြူရာဒေသတွေမှာ  အကြီးစား မက်ဂါစစ်ဆင်ရေးကို တပြိုင်နက်တည်း ဆောင်ရွက်ခဲ့ပြီး ရဲတွေနဲ့ အစိုးရရှေ့နေရုံးတွေက လက်နက်မှောင်ခိုရောင်း ဝယ်သူတွေကို နှိမ်နင်းပြီး ရာဇ၀တ်ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့တယ်လို့ ပီရူးသမ္မတ ဒီနာဘိုလွာတေးက ပြောပါတယ်။ 

ဒီစစ်ဆင်ရေးအတွင်း ပီရူးနိုင်ငံနဲ့ နိုင်ငံတကာရှိ ရာဇ၀တ်ဂိုဏ်းတွေကို လက်နက်တွေပံ့ပိုးပေးနေတဲ့ ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်း တခုမှ အဖွဲ့ဝင် ၁၈ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးဟာ အဓိကအားဖြင့် အမေရိကန်နဲ့ တူရကီတို့မှ လက်နက်တင်သွင်းပြီး နောက်ပိုင်းမှ လိုင်စင်ရယူပြီး သေနတ်တွေကို ဝယ်ယူကြတဲ့ ဝင်ငွေနည်းသူတွေကို ရောင်းချတဲ့ လက်နက် ကုမ္ပဏီတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

နေအိမ်တွေနဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ လုံခြုံရေးထိန်းချုပ်ရေးဌာနတွေ၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းများဆိုင်ရာ အမျိုးသားကြီးကြပ်ရေးဌာန (SUCAMEC) ကနေ လက်နက်ပေါင်း ၂၇၄ ခုကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ငွေသား ဒေါ်လာ ၅၀၀၀၀ နဲ့ ပီရူးငွေ ဆိုလ် ၆၀၀၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရာဇ၀တ်ဂိုဏ်းများ တိုက်ဖျက်ရေးဆိုင်ရာ ပီရူးအစိုးရရှေ့နေရုံး အကြီးအကဲ ယော်ဂဲချာဗက်ဇ်က ပြောပါတယ်။ 

ဒီလက်နက်တွေဟာ နောက်ပိုင်းမှာ ရာဇ၀တ်ဂိုဏ်းတွေရဲ့လက်ထဲမှာသာ အဆုံးသတ် သွားကြောင်းလည်း သူက ဆိုပါတယ်။ 

အီကွေဒေါနိုင်ငံကို ရောက်ရှိသွားတဲ့ လက်နက် ၅၀ ဟာ အဲဒီစွပ်စွဲခံရတဲ့ ရာဇ၀တ်ဂိုဏ်းကနေ လာတာလို့ ပီရူးအစိုးရဆီက သတင်းရရှိထားပြီး အဲဒီလက်နက်တွေထဲမှ တခုကို အီကွေဒေါ သမ္မတလောင်း ဖာနန်ဒိုဗီလာဗင်ဆန်စီယိုကို သတ်ဖြတ်မှုမှာ အသုံးပြုခဲ့ကြောင်းလည်း သိရှိရပါတယ်။ 

အကျင့်ပျက်ခြစားမှုနဲ့ ရာဇ၀တ်ဂိုဏ်းတွေကို ဝေဖန်သူ ဗီလာ ဗင်ဆန်စီယိုဟာ သြဂုတ်လက အီကွေဒေါနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် ၁၁ ရက်အလိုမှာ ကွီတိုမြို့မှာ မဲဆွယ်စည်းရုံး ပြီးနောက် ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013