DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များအတွက် ကန်ဒေါ်လာသန်း ၈၅၀ ကျော်လိုအပ်နေ၊ ယူကေက ပေါင် ၅ သန်း ကျော်ကူညီမည်
DVB
·
March 14, 2024
ရိုဟင်ဂျာဒုက္ခသည်များအတွက် ကန်ဒေါ်လာသန်း ၈၅၀ ကျော်လိုအပ်နေ၊ ယူကေက ပေါင် ၅ သန်း ကျော်ကူညီမည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာရိုဟင်ဂျာဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့ အမေရိ ကန်ဒေါ်လာသန်း ၈၅၀ ကျော် လိုအပ်နေတာမို့ ပိုမိုလှူဒါန်းကြဖို့ ကုလသမဂ္ဂက ပန်ကြားထားပြီး ယူကေနိုင်ငံကတော့ ပေါင် ၅ ဒသမ ၂ သန်း ထပ်မံပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂရုံးချုပ်မှာ မတ် ၁၃ ရက်က ပြုလုပ်တဲ့ ရိုဟင် ဂျာဒုက္ခသည်တွေအတွက် အရေးပေါ်တုံ့ပြန်မှုအစီအစဉ်မှာ အလှူရှင်နိုင်ငံတွေနဲ့ အဖွဲ့အ စည်းတွေကို ဖိတ်ခေါ်ကာ ၂၀၂၄ ခုနှစ်အတွက် လိုအပ်ချက်ကို တင်ပြဆွေးနွေးခဲ့ကြတာပါ။  

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေ ပိုမိုအရှိန်မြင့်လာတာနဲ့အတူ ဒုက္ခသည်တွေအတွက် အကူအညီတွေ ပိုပြီးတော့ လိုအပ်လာပေမဲ့ ပြီးခဲ့တဲ့နှစ်တွေကစလို့ နိုင်ငံတကာ အကူအညီရရှိမှုတွေ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းနဲ့ ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံတွင်း ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေအပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေကို ရေရှည်ဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အခြေအနေတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို စိတ်ဆန္ဒအရ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ခွင့်မပေးမချင်း ယူကေနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးပေးဖို့ ကတိကဝတ်ပြုထားဆဲ ဖြစ် တယ်လို့လည်း ပြောပါတယ်။

ယူကေနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ လက်ခံလူမှုအသိုက်အဝန်းတွေအတွက် ပေါင် ၃၇၉ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဉ် နိုဝင်ဘာကနေ ဧပြီလအတွင်း ပင်လယ်ပြင်တွေ ငြိမ်သက်လာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဆီ သစ်သားလှေတွေနဲ့ ထွက်ခွာကြလေ့ ရှိပါတယ်။

၂ဝ၂၃ ခုနှစ်အတွင်းမှာတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ယောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇန်နဝါရီ ၂၃ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013