DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်တွင် ရင်းနှီးမြှုပ်နှံရန် ဆွီဒင် စိတ်ဝင်စား
DVB
·
March 13, 2024
ဖိလစ်ပိုင်တွင် ရင်းနှီးမြှုပ်နှံရန် ဆွီဒင် စိတ်ဝင်စား
Donate to DVB

ဆွီဒင်ရင်းနှီးမြှုပ်နှံသူတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ခိုင်မာတဲ့ မက်ခရိုစီးပွားရေး အခြေခံမူတွေ၊ တိုးတက်လာတဲ့ စီးပွားရေး ရာသီဥတုနဲ့ ကျွမ်းကျင်လုပ်သား အင်အားတို့ကြောင့် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း ပြောခဲ့ကြတယ်လို့ ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ် ၁၃ ရက်မှာ ကြေညာပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့ ပိုကောင်းကောင်းတည်ဆောက်လို့ အဓိပ္ပာယ်ရတဲ့ Build Better More အစီအစဉ်အောက်မှာ ဖိလစ်ပိုင်ရဲ့ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွီဒင်ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ကြားပြီး PPP ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်သင့်ဖြစ်နေတယ်လို့ ဖိလစ်ပိုင် စီးပွားရေးဝန်ကြီး ရက်တိုက ပြောပါတယ်။

ဒီအစီအစဉ်ထဲမှာ စွမ်းအင်၊ ရုပ်ပိုင်းဆိုင်ရာဆက်သွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရေအရင်းအမြစ်၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ရေရှည်တည်တံ့တဲ့ အစပျိုးမှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ အပါအဝင် ဖိလစ်ပိုင်ပီဆိုငွေ ၉ ဒသမ ၁၄ ထရီလီယံ၊ အမေရိကန်ဒေါ်လာ ၁၆၃ ဘီလီယံလောက် တန်ဖိုးရှိတဲ့ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်း ၁၈၅ ခု ပါရှိပါတယ်။

အမေရိကန် ကုမ္ပဏီတွေကလည်း ဖိလစ်ပိုင်နိုင်ငံထဲမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ရင်းနှီးမြှုပ်နှံဖို့ ကြေညာမယ်လို့ အမေရိကန် စီးပွားရေးဝန်ကြီး ဂျီနာ ရိုင်မွန်ဒိုက ဖိလစ်ပိုင်မြို့တော် မနီလာကို တရားဝင် အလည်အပတ်ခရီးအတွင်း မတ် ၁၁ ရက်က ပြောခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့် နယ်ပယ်တွေထဲမှာ နေရောင်ခြည်စွမ်းအင်၊ လျှပ်စစ်ကားတွေနဲ့ ဒစ်ဂျစ်တယ်စနစ်တို့ ပါပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ အမေရိကန်ကုမ္ပဏီတွေက စီးပွားရေးလုပ်ဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သူကပြောပါတယ်။

ရိုင်မွန်ဒိုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်စား နှစ်ရက်ကြာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မစ်ရှင်အတွက် မနီလာမြို့တော်မှာ ရှိနေတာပါ။

သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ GreenFire Energy နိုင်ငံတကာ ကော်ပိုရေးရှင်း၊ Google Asia Pacific၊ Visa၊ United Airlines နဲ့ KKR တို့လို ကုမ္ပဏီတွေက ထိပ်တန်းအရာရှိတွေ ပါပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ သက်တမ်း ၇၃ နှစ်ရှိပြီဖြစ်တဲ့ အပြန်အလှန် ကာကွယ်ရေး စာချုပ်နဲ့ ကန့်သတ်ထားတဲ့ ကာလကြာရှည် မဟာမိတ်တွေပါ။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုထက် ဆက်ဆံရေးကို စီးပွားရေးမိတ်ဘက်တွေပါ ပါဝင်လာပြီး ပိုမိုနက်ရှိုင်းအောင် ကြိုးပမ်းခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013