DVB Logo
Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်သူ ၄၀ ပါလှေကို စပိန်ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ ကယ်တင်
DVB
·
March 13, 2024
ရွှေ့ပြောင်းနေထိုင်သူ ၄၀ ပါလှေကို စပိန်ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ ကယ်တင်
Donate to DVB

စပိန်နိုင်ငံ၊ ကနေရီကျွန်းစုတွေဆီ လှေတစင်းနဲ့ အရောက်သွားဖို့ ကြိုးစားခဲ့ကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေထဲက ၂ ဦး သေဆုံးခဲ့ပြီး တခြား ၄ ဦးကလည်း စိုးရိမ်ရတဲ့ အခြေအနေရှိလို့ ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ပေးထားကြောင်း စပိန်ရေကြောင်းကယ်ဆယ်ရေး အဖွဲ့က မတ် ၁၂ ရက်မှာ ပြောပါတယ်။

လူအယောက် ၄၀ လောက် လိုက်ပါလာတဲ့ သစ်ထွင်းကနူးလှေကို MV Kent Giant ကုန်သင်္ဘောက တွေ့မြင်ခဲ့ပြီးနောက် ဂရန်းကနေရီယာကျွန်းရှိ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့တာလို့ ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စပိန်ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ဟာ ရွှေ့ပြောင်းဒုက္ခသည်တွေ သောင်တင်နေတဲ့  အာရ်ဂင်းနဂင်းမြို့ရဲ့ မြောက်ဘက် ရေမိုင် ၇၆ မိုင်အကွာမှာ  ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဉ် ၂ စင်းနဲ့ ကနူးလှေကိုလည်း ဂရန်းကနေရီယာ ဆိပ်ကမ်းကို ဆွဲခေါ်လာဖို့ သင်္ဘောတစီးတို့ကို စေလွှတ်ခဲ့ပါတယ်။

အသက်ရှင်ကျန်သူတွေ ရောက်ရှိလာတဲ့ ဒေသစံတော်ချိန် မနက် ၆ နာရီခွဲမှာ ကြက်ခြေနီဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဆိပ်ကမ်းမှာ ရှိနေခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူ ၃၄ ဦးမှာ ဆာဟာရကန္တာရ တောင်ဘက်နယ်မြေခွဲမှ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၇ ဦးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ကနေရီကျွန်းစုတွေတဝိုက်ရှိ ပင်လယ်ပြင် အခြေအနေဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း သွားလာရေး ခက်ခဲခဲ့ပြီး ပြည်နယ်မိုးလေဝသအေဂျင်စီ AEMET က သမုဒ္ဒရာတွေ ရေမြင့်တက်မှုနဲ့ ပတ်သက်ပြီး သတိပေးချက် အများအပြား ထုတ်ပြန်ခဲ့ပါတယ်။

အနောက်အာဖရိကမှ ခနော်ခနဲ့ လှေတွေစီးပြီး ကနေရီကျွန်းတွေဆီ အရောက်လာကြတဲ့  ရွှေ့ပြောင်းနေထိုင်သူ ဦးရေဟာ ၂၀၂၃ ခုနှစ် အလားတူကာလထက် အခုနှစ်မှာ ၆ ဆ တိုးလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013