DVB Logo
Home
အားကစား
မန်ယူက အဲဗာတန်ခံစစ်သမား ဂျာရတ်ဘရန့်ဝိတ်ကို ခေါ်ယူရန် စိတ်ဝင်စား
DVB
·
March 13, 2024
မန်ယူက အဲဗာတန်ခံစစ်သမား ဂျာရတ်ဘရန့်ဝိတ်ကို ခေါ်ယူရန် စိတ်ဝင်စား
Donate to DVB

လာမယ့်နွေရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းက အဲဗာတန်အသင်းရဲ့ ခံစစ်ကစားသမား ဂျာရတ်ဘရန့်ဝိတ်ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာသူ ဂျင်မ်ရတ်ကလစ်ဖ်ကလည်း နွေရာသီအပြောင်းအရွှေ့စာရင်းကို ပြင်ဆင်ထားတယ်လို့ အတည်ပြုပါတယ်။

အသက် ၂၁ နှစ်အရွယ် ဒီဗဟိုခံစစ်မှူးဟာ အင်္ဂလန်ရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမားတွေထဲမှာ ပါဝင်သလို လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံရဖို့ ရှိနေပါတယ်။

ဒါကြောင့် အဲဗာတန်အသင်းဟာ ဘရန့်ဝိတ်အတွက် ပေါင် ၇၅ သန်း အထိ စျေးသတ်မှတ်နိုင်တယ်လို့ The Mirror သတင်းစာမှာ ဖော်ပြထားပါတယ်။

အင်္ဂလန်တတိယတန်းကလပ် ကာလိုင်ရယ်အသင်းမှာ ကစားသမားဘ၀စတင်ခဲ့တဲ့ ဒီလူငယ်ခံစစ်မှူးက အဲဗာတန်အသင်းကို ၂၀၂၀ ပြည့်နှစ်အတွင်း ​ပေါင် ၁ သန်းတည်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

လက်ရှိအချိန်အထိ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၁ ပွဲ သာ ကစားရသေးပေမဲ့ ဘရန့်ဝိတ်ဟာ မန်ယူအပါအဝင် ဥရောပအသင်းကြီးတွေရဲ့  အပြောင်းအရွှေ့ စာရင်းထိပ်ဆုံးမှာ ရှိလို့နေပါတယ်။

ဒါ့အပြင်မန်ယူအသင်းမှာ ဝါရင့်နောက်ခံလူတွေဖြစ်ကြတဲ့ ရာဖေးလ်ဗာရန်းနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ရဲ့ အနာဂတ်ဟာလည်း မသေချာမရေရာတာကြောင့် အခုလို လူငယ်ကစားသမားတဦးနဲ့ အစားထိုးပြီး အင်အားဖြည့်တင်းလိုတာဖြစ်ပါတယ်။

စပိန်ထိပ်သီးကလပ် ရီးရဲယ်မက်ဒရစ်ကပါ ဘရန့်ဝိတ်ကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013