DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် စစ်ကောင်စီက ပြည်သူ့ နေအိမ် ၂၀ နီးပါးကို ချိပ်ပိတ်သိမ်းဆည်း
DVB
·
March 11, 2024
ဟင်္သာတတွင် စစ်ကောင်စီက ပြည်သူ့ နေအိမ် ၂၀ နီးပါးကို ချိပ်ပိတ်သိမ်းဆည်း
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၈ လုံးအထိ ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အရပ်သားတွေဟာ PDF တွေကို ထောက်ပံ့တာ၊ အားပေးတာ၊ ချိတ်ဆက် ကူညီတာတွေ လုပ်နေတယ်ဆိုပြီး ဖေဖော်ဝါ ၁ ရက်ကနေ ၂၉ ရက်အထိ တလအတွင်း လူနေအိမ် အနည်းဆုံး ၁၈ လုံးကို  စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး အရပ်သားတွေကို ပစ်မှတ်ထား လုပ်နေတာ။ လုပ်ရပ်ကိုကြည့်ရင် သိသာတယ်လေ။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက အရပ်သားတွေရဲ့ အိမ်တွေချည်းပဲ။ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တယ်၊ အားပေးတယ်၊ ကူညီတယ်လို့ စွပ်စွဲပြီး အရပ်သားတွေ ပိုင်ဆိုင်တဲ့ အရာမှန်သမျှ သိမ်းနေတာ။ လူကိုလည်း တွေ့ရင် ဖမ်းပြီး ထောင်ချသေးတယ်” လို့ ပြောပါတယ်။

ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ လူနေအိမ်တွေဟာ NLD ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ NLD ပါတီ ရပ်ကျေးကော်မတီဝင်တွေရဲ့ နေအိမ် ၆ လုံးလောက်သာ ပါပြီး ကျန်တဲ့နေအိမ် ၁၂ လုံးလောက်ဟာ ဒေသခံ အရပ်သားတွေရဲ့ နေအိမ်တွေ အများဆုံး ပါဝင်ပါတယ်။

ဟင်္သာတဒေသခံ အမျိုးသမီးတယောက်က “စစ်ကောင်စီက မကောင်းတာ အကုန်လုပ်တယ်။ အရပ်သားတွေ ပြည်သူတွေဆိုတာ သူတို့အတွက် ဘာမှမရှိဘူး။ ဟင်္သာတမြို့ပေါ်မှာနေတဲ့ ထွေအုပ်စာရေးတယောက်ကို ဖေဖော်ဝါရီလ ပထမအပတ်က PDF တွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး ဖမ်းခဲ့သေးတယ်။ ဒါက ကိုယ့်ဝန်ထမ်း ကိုယ်ဖမ်းတာလေ။ ကျမတို့ ပြည်သူတွေကို ဖမ်းတာ၊ ပိုင်ဆိုင်တာလေးတွေကို သိမ်း လုပ်နေတာလောက်တော့ ဘာပြောပလောက်မလဲ” လို့ ပြောပါတယ်။

အဲ့ဒီ နေအိမ်ချိပ်ပိတ် သိမ်းဆည်းခံထားရတဲ့ နေအိမ်ပိုင်ရှင် အများစုကိုလည်း အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ကြောင်း ကြေညာထားတဲ့သူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ထားခြင်း မရှိတဲ့ သူတွေလည်း ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တလအတွင်း ဟင်္သာတခရိုင်မှာ လေးမျက်နှာ၊ ဟင်္သာတနဲ့ ဇလွန် စတဲ့မြို့နယ်တွေက ဒေသခံတွေရဲ့ နေအိမ်တွေ အများဆုံး ချိပ်ပိတ်ခံရတဲ့အထဲ ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013