DVB Logo
Home
မြန်မာသတင်း
သင်္ကန်းညီနောင်တွင် တိုက်ပွဲဆက်ဖြစ်၊ အလယ်ဘိုတဲစခန်းကုန်းမှ စစ်ကောင်စီတပ် စွန့်ခွာ ထွက်ပြေး  
DVB
·
March 11, 2024
သင်္ကန်းညီနောင်တွင် တိုက်ပွဲဆက်ဖြစ်၊ အလယ်ဘိုတဲစခန်းကုန်းမှ စစ်ကောင်စီတပ် စွန့်ခွာ ထွက်ပြေး  
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တွေတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အလယ်ဘိုတဲ စခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNLA အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက  “မြဝတီ - ​ကော့ကရိတ် လမ်း​ဟောင်း အလယ်ဘိုတဲစခန်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စခန်းစွန့်ခွာထွက်ပြေးသွားတယ်။ မ​တ်လ ၁ဝ ရက်နေ့က တက်ပြီး ရှင်းလင်း​ရေးလုပ်လိုက်တယ်”လို့ ပြောပါတယ်။

သင်္ကန်းညီနောင် (ကွင်းကလေး)အခြေစိုက် ခမရ ၃၅၅ နဲ့ ခမရ ၃၅၆ တပ်ရင်းတွေကို မတ်လ ၇ ရက် မွန်းလွဲ ၁၂ နာရီလောက်ကစတင်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက် အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

သင်္ကန်းညီနောင် တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ ထိုင်းတပ်မတော်က ပင်မအင်အားအပြင် အရန်အင်အားတွေပါအသုံးပြုပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

မတ် ၈ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာကြောင့် ပြည်သူ ၃ ယောက်သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်လေယာဉ်နဲ့ သဘာဝရိပ်သာ ဘိုးဘွားဆောင်ကို  ဗုံး ၃ လုံးကြဲချ တိုက်ခိုက်တာကြောင့်  သေဆုံးထိခိုက်သူတွေရှိခဲ့တပြီး  ဘိုးဘွား အယောက် ၁၅၀ ဟာ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကူညီစောင့်ရှောက်ပေးနေသူ ကိုအောင်သူလင်းက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သင်္ကန်းညီနောင်၊ မဲကနယ်၊ မြစန္ဒီနဲ့အနီးအနားကျေးရွာက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးတွေနဲ့  မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ ထွက်ပြေး ခိုလှုံနေရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013