DVB Logo
Home
နိုင်ငံတကာ
ဇနီးသည်မှာ လိင်ပြောင်းထားသူ ဆိုသည့် ကောလာဟလများကို ပြင်သစ်သမ္မတ တုံ့ပြန်
DVB
·
March 10, 2024
ဇနီးသည်မှာ လိင်ပြောင်းထားသူ ဆိုသည့် ကောလာဟလများကို ပြင်သစ်သမ္မတ တုံ့ပြန်
Donate to DVB

အသက် ၇၀ အရွယ် ဇနီးသည်ဟာ ယောက်ျားလေးအဖြစ် မွေးလာတာဖြစ်ပြီး လိင်ပြောင်းထားသူ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေဟာ “မဟုတ်မမှန်၊ လုပ်ကြံထားတာသာ ဖြစ်တယ်လို့” အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ 

ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်သာ တုံ့ပြန်လေ့ရှိတဲ့ မက်ခွန်းက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ “အဆိုးဆုံးက အချက်အလက်အတုတွေ၊ လုပ်ကြံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ လူတွေက အဲဒါတွေကို တဖြည်းဖြည်း ယုံကြည်လာပြီး အတွင်းရေးတွေကိုပါ အနှောင့်အယှက် ပေးလာတော့တာပဲ” လို့  တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်သမ္မတဟာ သူ ၁၅ နှစ်သားတုန်းက ကျောင်းမှာ ဒရာမ ဆရာမလုပ်ခဲ့တဲ့  ဘရစ်ဂျစ်နဲ့ စတွေ့ခဲ့တာဖြစ်ပြီး ဘရစ်ဂျစ်ရဲ့ သမီးဟာ မက်ခွန်းရဲ့ အတန်းဖော် ဖြစ်ခဲ့ပါတယ်။ 

အသက်အရွယ် ကွာခြားလွန်းသလို ဆရာနဲ့ တပည့် ဖြစ်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းဟာ အဟန့်အတားများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး မက်ခွန်း ၂၉ နှစ်အရွယ် ၂၀၀၇ မှာမှ လက်ထပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အလွတ်တန်းသတင်းထောက် အမည်ခံ အမျိုးသမီးနှစ်ဦးက ယူကျုဘ်မှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် ကောလာဟလပြန့်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီအမျိုးသမီးနှစ်ဦး အဆိုအရ ဘရစ်ဂျက်ဟာ ၁၉၅၃ ခုနှစ်မှာ မွေးလာတုန်းက ယန်း-မိုက်ကယ် ထိုညူး ဆိုတဲ့ နာမည်နဲ့ ယောက်ျားလေး ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ တကယ်တမ်းမှာတော့ ယန်း-မိုက်ကယ်ဟာ ဘရစ်ဂျက်ရဲ့ အစ်ကို ဖြစ်ပါတယ်။ 

ဒါ့အပြင် ဘရစ်ဂျတ်ရဲ့ ပထမယောက်ျားဟာလည်း တကယ်မရှိဘူးလို့ အဲဒီအမျိုးသမီးနှစ်ဦးရဲ့ ဗီဒီယိုဖိုင်မှာ စွပ်စွဲထားပါတယ်။ နောက်ပိုင်းမှာ  အဲဒီဗီဒီယို ပြန်ဖြုတ်ချခဲ့ရသလို အသရေဖျက်မှုနဲ့ လျော်ကြေးပေးခဲ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013