DVB Logo
Home
အားကစား
မန်ယူကစားသမားဟောင်း ကလီဗာလေ ဝက်ဖို့ဒ်အသင်း၏ ယာယီနည်းပြ ဖြစ်လာ
DVB
·
March 10, 2024
မန်ယူကစားသမားဟောင်း ကလီဗာလေ ဝက်ဖို့ဒ်အသင်း၏ ယာယီနည်းပြ ဖြစ်လာ
Donate to DVB

မန်ယူကစားသမားဟောင်း တွန်ကလီဗာလေဟာ ဝက်ဖို့ဒ်အသင်းရဲ့ ယာယီနည်းပြ ဖြစ်လာခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ နောက်ဆုံး ၁၂ ပွဲမှာ တပွဲသာ အနိုင်ရခဲ့ပြီးနောက် နည်းပြ အစ္စမေးလ်ကို ထုတ်ပယ်ခဲ့တာပါ။

အဲဒီနောက် အသင်းယာယီနည်းပြအဖြစ် လူငယ်အသင်းကို တာဝန်ယူနေတဲ့ ကလီဗာလေကို အစားထိုး ခန့်အပ်ခဲ့တာပါ။

အသက် ၃၄ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းဟာ မနှစ်ကရာသီအပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး ဝက်ဖို့ဒ် ယူ-၁၈ အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့တာပါ။

အင်္ဂလန်အတွက် ၁၃ ပွဲ ကစားခဲ့ဖူးတဲ့ ကလီဗာလေဟာ  မန်ယူအသင်းနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ဖူးပါတယ်။

၂၀၁၄ ခုနှစ်မှာ မန်ယူကနေ ဗီလာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အဲဗာတန်နဲ့ ဝက်ဖို့ဒ် အသင်းတွေမှာ ဆက်လက်ကစားခဲ့သူပါ။

ဝက်ဖို့ဒ်အသင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ၁၁ ယောက်မြောက်နည်းပြကို ခန့်အပ်ဖို့ ရှာဖွေနေပါတယ်။ 

Photo-Reuters/Peter Cziborra

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013