DVB Logo
Home
အားကစား
မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်ဟု ကစားသမားဟောင်း ဝိန်းရွန်းနီ သုံးသပ်
DVB
·
March 10, 2024
မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်ဟု ကစားသမားဟောင်း ဝိန်းရွန်းနီ သုံးသပ်
Donate to DVB

မန်ယူအသင်းအနေနဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက သုံးသပ်သွားပါတယ်။

မန်ယူအသင်းဟာ မတ်လ ၉ ရက် မနေ့ညက အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲ ပြန်လည်ရရှိခဲ့ပေမဲ့ အဆင့် ၄ နေရာက ဗီလာနဲ့ ၈ မှတ် ကွာဟနေဆဲပါ။

မန်ယူအသင်းရဲ့ခြေစွမ်းဟာ တသမတ်တည်းမရှိတာကြောင့် ပွဲတိုင်းအနိုင်ရဖို့ ခက်ခဲမှာဖြစ်ပြီး ပြိုင်ဘက်ကို အခွင့်အရေးကောင်းတွေ အမြဲတမ်းပေးနေကြောင်း၊ ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ မထင်ကြောင်း ဝိန်းရွန်းနီက ပြောပါတယ်။

ဝိန်းရွန်းနီနဲ့ အတူ TNT Sport ရုပ်သံမှာ သုံးသပ်တင်ဆက်ခဲ့ကြတဲ့ ဖာဒီနန်နဲ့ လက်စ်ကော့တို့ကလည်း ယူနိုက်တက်အသင်းရဲ့ အခြေအနေအပေါ် အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။

အခုနှစ်ပရီးမီးယားလိဂ်မှာ အင်္ဂလန်အသင်းတွေရဲ့ ဥရောပပြိုင်ပွဲရလဒ်အပေါ် မူတည်ပြီး အဆင့် ၄ ရတဲ့ အသင်းအပြင် အဆင့် ၅ ရရှိတဲ့ အသင်းကပါ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013