DVB Logo
Home
မြန်မာသတင်း
ကျောက်ထုတွင် လက်နက်ကြီးထိပြီး KG ကျောင်းသားနှင့် CDM ဆရာမ ၁ ဦး သေဆုံး
DVB
·
March 10, 2024
ကျောက်ထုတွင် လက်နက်ကြီးထိပြီး KG ကျောင်းသားနှင့် CDM ဆရာမ ၁ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ ကြံခင်းကျေးရွာမှာ မတ် ၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး KG ကျောင်းသားကလေးနဲ့ CDM ကျောင်းဆရာမ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ထုအမြောက်တပ်ကနေပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကြံခင်းရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ၁ လုံးက လယ်ရေသွင်းတဲ့ မြောင်းဘေး ကျရောက်ပေါက်ကွဲလို့ မြောင်းအတွင်းရေချိုးနေတဲ့ အသက် ၃၆ နှစ်အရွယ် CDM ကျောင်းဆရာမ ဒေါ်ဝင်းဝင်းခိုင် ထိမှန် သေဆုံးခဲ့ပါတယ်။

နောက်လက်နက်ကြီး ၁ လုံးက ကြံခင်းရွာက အိမ်ဝန်းတခုထဲကျပြီး အသက် ၆ နှစ်အရွယ် KG ကျောင်းသား မောင်အာကာဘုန်းခန့်လည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

ကြံခင်းရွာအုပ်ချုပ်ရေးမှူးက “ပထမ တလုံးပစ်တာက ကံကြီးရွာကို ကျတယ်။ ဒုတိယတလုံးကျတော့ ကျနော်တို့ရွာမြောက်ဘက် ရေမြောင်းဘေးမှာကျတော့ မြောင်းဘေးမှာ ရေချိုးနေတဲ့ တယောက် ထိတယ်။ တတိယတလုံးကျ အိမ်ဝင်းခြံစပ်က ကျောက်ခဲပေါ် သွားကျတာ။ ကလေးက ပထမ လက်နက်ကြီးအသံတွေ ကြားတော့ ခုတင်အောက်မှာ ပုန်းနေတာ။ အဲဒီမှာ အုတ်ချပ်ကို မှန်ပြီးမှ ခုတင်အစွန်းက လျှိုပြီးမှ ကလေးတည့်တည့်ကို ကျတာ” လို့ ပြောပါတယ်။

တိုက်ပွဲမရှိဘဲ တမင်သက်သက် ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပြီး သေဆုံးသူတွေကိုတော့ မတ် ၈ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013