DVB Logo
Home
နိုင်ငံတကာ
တရုတ်ကအမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများ စောင့်ရှောက်ရန် ဥပဒေသစ်များ ပြဋ္ဌာန်းမည်
DVB
·
March 8, 2024
တရုတ်ကအမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများ စောင့်ရှောက်ရန် ဥပဒေသစ်များ ပြဋ္ဌာန်းမည်
Donate to DVB

နိုင်ငံရဲ့ စနစ်နဲ့ အမျိုးသားလုံခြုံရေး စွမ်းဆောင်ရည်ကို ခေတ်မီအောင်လုပ်ဖို့၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ အကျိုးစီးပွားတွေကို စောင့်ရှောက်ဖို့ ဥပဒေသစ်တွေ ပြဋ္ဌာန်းသွားမယ်လို့ တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်တီ (NPCSC) က ထုတ်ပြန်ပါတယ်။

အဖွဲ့ဝင် ၁၇၀ ဝန်းကျင်ပါဝင်တဲ့ NPCSC ရဲ့ မြို့တော် ပေကျင်းမှာ ပြုလုပ်တဲ့ နှစ်ပတ်လည်ညီလာခံမှာ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဥပဒေနဲ့ အဏုမြူစွမ်းအင် ဥပဒေတွေ ပြဋ္ဌာန်းဖို့ပါ ကတိပြုခဲ့ပါတယ်။

အမျိုးသားကာကွယ်ရေးဆိုင်ရာ သင်ကြားရေးဥပဒေနဲ့ ဆိုက်ဘာလုံခြုံမှု ဥပဒေတွေကိုလည်း ဒီနှစ်ထဲမှာ ပြင်ဆင်သွားမှာဖြစ်တယ်လို့ NPCSC ရဲ့ သဘာပတိ၊ ကွန်မြူနစ်ပါတီရဲ့ နံပါတ်သုံးခေါင်းဆောင် ကျောင်းလေကျီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေ အားကောင်းလာတဲ့အချိန်မှာ ပြည်တွင်းပြည်ပ အန္တရာယ်တွေကို ကာကွယ်ဖို့ သမ္မတ ရှီကျင့်ဖျင်က ဦးစားပေးထားတာကြောင့် အဲဒါနဲ့ ကိုက်ညီမယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။

၂၀၁၆ မှာ ပြဋ္ဌာန်းခဲ့တဲ့ တရုတ်ဆိုက်ဘာလုံခြုံရေးဥပဒေဟာ နည်းပညာကုမ္ပဏီကြီးတွေကို စည်းကြပ်ဖို့ အဓိက ထောက်တိုင်တခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်အတွင်း သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို ကုမ္ပဏီတွေ ဘယ်လိုသိမ်းဆည်းရမယ်၊ ဘယ်လိုလွှဲပြောင်းရမယ်ဆိုတဲ့ အချက်တွေကို တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013