DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရားဖူးလာသူ နည်းပါးလာသဖြင့် အထမ်းသမားနှင့် စျေးသည်များ အခက်ကြုံ
DVB
·
March 8, 2024
ကျိုက်ထီးရိုးဘုရားဖူးလာသူ နည်းပါးလာသဖြင့် အထမ်းသမားနှင့် စျေးသည်များ အခက်ကြုံ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်သူ နည်းပါးလာလို့ အထမ်းသမားတွေနဲ့ စျေးရောင်းချသူတွေ စားဝတ်နေရေး အခက်အခဲဖြစ်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ်ကနေ ဒီနှစ်ဆန်းပိုင်းအထိ ဘုရားဖူးဦးရေ ငါးသိန်းနီးပါး ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ ဘုရားဖူးလာရောက်သူ နည်းပါးတယ်လို့ အထမ်းသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လူကတော့ ၅၀၀၊ ၁,၀၀၀ နီးပါးလောက် လာတယ်။ သိန်းနဲ့ချီလာတာ ရှိတယ်၊ ဒါပေမဲ့ ရှားတယ်၊ လပြည့်နေ့လောက်ပဲ၊ ဒါတောင် ငါးသိန်းလောက်မရှိဘူး၊ သောင်းဂဏန်းလောက်ပဲရှိတာ၊ လူတွေက ကိုယ့်ဘာသာကိုယ် အထုပ်တွေသယ်တာ၊ အထမ်းသမားနဲ့ သယ်ခိုင်းတဲ့သူ နည်းတယ်၊ အထမ်းသမားက များတော့ အဆင်မပြေဘူး။”

ဘုရားဖူးလာရောက်သူ နည်းပါးတဲ့အတွက် ကျီးကန်းပါးစပ်သွားရောက်တဲ့ လမ်းတွေက ဆိုင်ခန်းတွေ ပိတ်ထားရတယ်လို့ စျေးရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လူက လာကို မလာတော့တာ။ အခါကြီးရက်ကြီးနဲ့ ကျောင်းပိတ်ရက်လောက်ပဲ များတာ။ ဒါတောင် ငါးသိန်းတို့ သုံးသိန်းတို့အထိ လူမလာဘူး။ ကျနော်တို့ ဆိုင်တွေတောင် ပိတ်ပြီး နေ့စားလိုက်ဆင်းနေရတယ်။”

မြို့အဝင်ဂိတ်တွေရဲ့ စစ်ဆေးငွေ တောင်းခံမှု၊ ဘုရားအတွင်း လုံခြုံရေး တင်းကျပ်မှုတွေကြောင့် ဘုရားဖူးလာရောက်မှု နည်းပါးသွားတာဖြစ်တယ်လို့ အနှိပ်သည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဘုရားပေါ်မှာ အရင်က တောင်ဆိတ်ဆီလိမ်းပြီး လိုက်နှိပ်ပေးနေတဲ့သူတွေ ဝင်ငွေ အရမ်းကောင်းတာ။ အာဏာသိမ်းပြီး ရဲရော စစ်တပ်ရော ဘုရားမှာ လုံခြုံရေးလာယူမှ လူလည်းမလာတော့ဘူး။ လူမလာတဲ့အပြင် နှိပ်တဲ့သူလည်း များတော့ ဝင်ငွေမရှိတော့ဘူး။”

ကျိုက်ထီးရိုးဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့မှ တပို့တွဲလပြည့်နေ့ထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ ဦးရေ ငါးသိန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်း ကျိုက်ထီးရိုးဘုရားကို လာရောက်သူ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား သုံးသိန်းနီးပါး ရှိတယ်လို့လည်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013