DVB Logo
Home
မြန်မာသတင်း
ရခိုင်က ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စိုးရိမ်နေကြ
DVB
·
March 3, 2024
ရခိုင်က ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စိုးရိမ်နေကြ
Donate to DVB

ရခိုင်ပြည်နယ်က ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ Non CDM ဆရာမတွေဆီက သိရပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့ စတင်မှာဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ စစ်ကောင်စီတပ်တွေက ပိတ်ဆို့နေတာတွေကြောင့် စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေ ကြောက်ရွံ့နေကြတာလို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်က Non CDM ဆရာမတယောက်က “ကျောက်ဖြူ၊ ရမ်းဗြဲမြို့တွေမှာ စာဖြေသူ နည်းမယ်လို့ ယူဆပါတယ်။ မြို့အဝင် အထွက်တွေကို ပိတ်ဆို့ထားတာကြောင့် စာမေးပွဲဖြေပြီး ပြန်မယ်ဆိုရင် ပြန်ခွင့်မပေးမှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၆၉ ခုဖွင့်လှစ် ကျင်းပသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်း၊ အဖြေလွှာ ပို့ဆောင်နိုင်ရေးနဲ့ စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းမှာ ပြောဆိုထားပါတယ်။

လက်ရှိမှာ အေအေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ကျယ်ပြန့်လာတာနဲ့အမျှ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာတာနဲ့ လုံခြုံရေးအခြေအနေအရ မြို့ပေါ်မှာ စာမေးပွဲဖြေဆိုဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေက ပြောဆိုကြပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့ကနေ ‌၁၉ ရက်နေ့အထိ ကျင်းပမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013