DVB Logo
Home
အားကစား
၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့် ဆော်ဒီနိုင်ငံ တနိုင်ငံတည်းကသာ တရားဝင်လျှောက်ထား
DVB
·
March 2, 2024
၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့် ဆော်ဒီနိုင်ငံ တနိုင်ငံတည်းကသာ တရားဝင်လျှောက်ထား
Donate to DVB

၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့်အတွက် ဆော်ဒီအာရေဗျ နိုင်ငံတနိုင်ငံတည်းကသာ တရားဝင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

မူလက သြစတြေးလျနိုင်ငံကလည်း အိမ်ရှင်အဖြစ်ကျင်းပနိုင်ဖို့ စိတ်ဝင်စားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်နုတ်ထွက်သွားခဲ့တာပါ။

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင် ကျင်းပခွင့်ရရှိမယ့် နိုင်ငံကို အခုနှစ်အောက်တိုဘာလမှာ တရားဝင်ကြေညာဖို့ ရှိပါတယ်။

အသင်း ၄၈ သင်းနဲ့ ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင် တနိုင်ငံတည်းကပဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြိုင်ပွဲ အဖြစ် မှတ်တမ်းဝင်ဖို့ ရှိပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက လက်ခံကျင်းပမှာပါ။

အလားတူ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့  မော်ရိုကို ပေါ်တူဂီနဲ့ စပိန် သုံးနိုင်ငံက ပူးတွဲကျင်းပခွင့်ရဖို့ သေချာ သလောက်ရှိနေပြီဖြစ်ပါတယ်။ 

Photo-FIFA/Handout via REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013