DVB Logo
Home
မြန်မာသတင်း
ဆယ်တန်းအောင်သူများ တက္ကသိုလ်ဝင်ခွင့်ကို ယခုလ ၂၅ ရက်နေ့ စတင်လျှောက်ထားနိုင်
DVB
·
August 17, 2023
ဆယ်တန်းအောင်သူများ တက္ကသိုလ်ဝင်ခွင့်ကို ယခုလ ၂၅ ရက်နေ့ စတင်လျှောက်ထားနိုင်
Donate to DVB

အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်တွေကို ဩဂုတ် ၂၅ ရက်နေ့ကစတင်ပြီး စက်တင်ဘာ ၁၀ ရက်အထိ လျှောက်ထားနိုင်ပြီလို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သိရပါတယ်။

၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်သူတွေအနေနဲ့ စာမေးပွဲဖြေဆိုခဲ့ကြတဲ့ စာစစ်ဌာနကြီးကြပ်ရေးမှူး (အခြေခံပညာအထက်တန်းကျောင်းအုပ်) တွေဆီကနေ အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်၊ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမယ့် ပုံစံစာအုပ်ကို ထုတ်ယူပြီး အခုလ ၂၅ ရက်ကနေ စတင်လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားရမယ့် တက္ကသိုလ်တွေကတော့ တိုင်းနဲ့ပြည်နယ်အလိုက် ဖွင့်လှစ်ထားတဲ့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ၂၆ ခုမှာ လျှောက်ထားရမှာဖြစ်ပြီး ရန်ကုန်မှာဆိုရင်တော့ ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ သွားရောက်လျှောက်ထားရမယ်လို့ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးကော်မတီက အသိပေးထားပါတယ်။

“ရန်ကုန်တက္ကသိုလ်တို့၊ ရန်ကုန်နည်းပညာတက္ကသိုလ်တို့ကျတော့ အဲ့ဒီကျောင်းတွေကို တိုက်ရိုက်လျှောက်ထားရမှာဖြစ်တယ်။ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တွေကလည်း ထိုနည်းလည်းကောင်းပဲ။ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှာ ကိုယ်ရတဲ့အမှတ်နဲ့ ဘယ်တက္ကသိုလ်ကိုလျှောက်ထားလို့ ရမယ်ဆိုတာ အသေးစိတ်ဖော်ပြထားပါတယ်” လို့ အဆင့်မြင့်ပညာဦးစီးဌာနက အရာရှိတဦးက ပြောပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ သတ်မှတ်ရက်အတွင်းသာ သက်ဆိုင်ရာတက္ကသိုလ်တွေကို လျှောက်ထားရမှာဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်လျှောက်ထားသူတွေကတော့ အဆင့်မြင့်ပညာဦးစီးဌာန၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ကို ပေးပို့လျှောက်ထားရမယ်လို့လည်း သိရပါတယ်။

၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၁ သိန်း ၆ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၅ သောင်းကျော် ကျရှုံးကာ ၁ သိန်းကျော် အောင်မြင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013