DVB Logo
Home
Lead Story
ထိုင်းဘုရင့်သမီးတော် ကွယ်လွန်အနိစ္စရောက်
DVB
·
June 12, 2026
Photo: dailynews.co.th
Photo: dailynews.co.th
Donate to DVB

လက်ရှိ မင်းဆက် ၁၀ မြောက် ထိုင်းဘုရင်ကြီး မဟာဝဇီရာလောင်ကွန်းရဲ့ သမီးတော်ဖြစ်တဲ့ မင်းသမီး ဖတ်ချရကစ်သီယားဖား နရင်းထိလားထိပ်ဖယဝတီဟာ  ဇွန် ၁၁ ရက် မနေ့ည ၇ နာရီ ၄၈ မိနစ်အချိန်က ကွယ်လွန်အနိစ္စရောက်သွားပြီလို့  တော်ဝင်နန်းတော် ပြန်ကြားရေးဌာနက ဒီကနေ့ ဇွန် ၁၂ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကွယ်လွန်ချိန် သက်တော် ၄၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ကစ်သီယားဖားဟာ လွန်ခဲ့တဲ့ ၃ နှစ် ( ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်) က ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်၊ ခေါဝ်ယိုင်သစ် တောဥယာဉ်ထဲမှာ ခွေးလိမ္မာလေ့ကျင့်ရင်း မတော်တဆထိခိုက်ပြီး သတိလစ် မေ့မျောသွားခဲ့တာပါ။

မင်းသမီးဟာ ထိုင်းကြက်ခြေနီအဖွဲ့ မဟာကျူလာလောင်ကွန်းဆေးရုံကြီးမှာ နန်းတွင်းအထူးကု သမားတော်တွေရဲ့ ကုသမှုကို ခံယူရင်း ပြီးခဲ့တဲ့ မေလ နောက်ပိုင်းကစလို့ အူမကြီးရောင်ရမ်းပြီး ဝမ်းဗိုက်ထဲ ပိုးဝင်တဲ့ဝေဒနာ ခံစားခဲ့ရတယ်၊ အဲဒီနောက် သွေးဖိအားကျဆင်းတာ၊ နှလုံးခုန်နှုန်း မမှန်တာတွေ ဖြစ်လာပြီး မနေ့ညမှာတော့ အဆိုပါဝေဒနာတွေ မခံစားနိုင်တော့ဘဲ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့တာပါ။

မင်းသမီးရဲ့ ဈာပနအခမ်းအနားကို တော်ဝင်နန်းတွင်း ရိုးရာဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ အမြင့်မြတ်ဆုံး တော်ဝင်ဂုဏ်ပြုပွဲတွေနဲ့ စီမံခန့်ခွဲဖို့ ထိုင်းဘုရင်ကြီးက  တော်ဝင်နန်းတွင်း ဗျူရိုဌာနကို အမိန့်တော်ချမှတ်ထားပြီး ရုပ်ကလာပ်တော်ကို တော်ဝင်နန်းတော်အတွင်းရှိ ဖိမန်ရတ်တယာ တော်ဝင်ဗိမာန်မှာ ဂူသွင်းစံပယ်ထားရှိမယ်လို့ ဆိုပါတယ်။

မင်းသမီး ဖတ်ချရကစ်သီယားဖား နရင်းထိလားထိပ်ဖယဝတီဟာ အမေရိကန်ပြည်ထောင်စု ကော်နဲလ်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်နဲ့ မဟာဘွဲ့ကိုလည်းကောင်း၊ ဥပဒေဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီ သင်တန်းကျောင်းမှာလည်း ဥပဒေပညာရပ်ကို လေ့လာဆည်းပူးခဲ့ပါတယ်။

မင်းသမီးဟာ အားကစားကိုလည်း လေ့လာလိုက်စားပြီး မြင်းစီး၊ ရေကူး စတဲ့အားကစားတွေလည်း ကျွမ်းကျင်သူဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးရေးရာအဖွဲ့ဝင် အနေနဲ့လည်း ထိုင်းပြည်သူတွေအကျိုးကို ဆောင်ရွက်သယ်ပိုးခဲ့သူ ဖြစ်ပါတယ်။

Source:  Daily News / Spring News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013