DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင်  အထပ်သားစက်ရုံအလုပ်သမား ၁ ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး
DVB
·
March 1, 2024
ရေးမြို့တွင်  အထပ်သားစက်ရုံအလုပ်သမား ၁ ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ YANGON HUANYUE ကုမ္ပဏီ အထပ်သားစက်ရုံအနီး ဖေဖော်ဝါရီ ၂၈ ရက်က စက်ရုံအလုပ်သမား တယောက်  ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ကိုလှမင်း (ခ) ကိုမင်းဖြစ်ပြီး စက်ရုံနဲ့ ကိုက် ၅၀၀ အကွာ ပေါ့ထော်ကျေးရွာသွား ကားလမ်းဘေးရှိ ရာဘာခြံမှာ ဝဲဘက်ရင်အုံ တလက်မခန့် ထိုးသွင်းဒဏ်ရာ တချက်နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူက "အဲဒီအထပ်သားစက်ရုံရှိ ဝန်ထမ်းတွေကို အုပ်ချုပ်သူက ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်း အလုပ်သိမ်းချိန်မှာ သေဆုံးသူ စက်မောင်း ကိုလှမင်း(ခ)ကိုမင်းကို မတွေ့လို့ လိုက်လံရှာဖွေခဲ့တဲ့အချိန်မှာ ထိုးသွင်းဓားဒဏ်ရာနဲ့ သေဆုံးနေတာကို ရှာတွေ့ခဲ့တာ”လို့ ပြောပါတယ်။

စက်ရုံလုပ်သား ကိုလှမင်းကို ဘာသူက ဘာကြောင့် သတ်သွားလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုလှမင်းကို ထိုးသတ်သွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးဖို့  ဖေဖော်ဝါရီ ၂၉ ရက်မှာ ရေးမြို့မရဲစခန်းမှာ တိုင်တန်းထားလို့ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂၊ အမှုကြီး အမှတ်စဉ်(၅/၂ဝ၂၄) နဲ့ စုံစမ်းစစ်ဆေး နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013