DVB Logo
Home
မြန်မာသတင်း
မင်းတပ် ၂၇၄ တပ်ရင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
DVB
·
February 29, 2024
မင်းတပ် ၂၇၄ တပ်ရင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ CDF-မင်းတပ်ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက် ၆ နာရီမှာ ခလရ-၂၇၄ တပ်ရင်းကို CDF-မင်းတပ်က ၆၀ မမ လက်နက်ကြီးနဲ့ ၁၁ ကြိမ် ပစ်ခတ်တိုက်ခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးဟာ ခလရ ၂၇၄ တပ်ရင်းရဲ့ ဗဟိုကင်းထဲကို ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီ တပ်သား နှစ်ယောက်  ပွဲချင်းပြီးသေဆုံးကာ ဆေးမှူး တယောက် ဒဏ်ရာရခဲ့တယ်လို့ CDF မင်းတပ်က အတည်ပြု ပြောဆိုပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် ခလရ-၂၇၄ တပ်ရင်းရဲ့ တပ်ရင်းမှူးနေထိုင်တဲ့ လိုင်းခန်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမင်းတပ်က “ကျနော်တို့ဘက်က တိုက်ခိုက်လို့ စစ်သား နှစ်ဦး ပွဲချင်းပြီးသေတယ်။ ဆေးမှူးလည်း ဒဏ်ရာရတယ်ပေါ့နော်၊ သူတို့ကလည်း လက်နက်ကြီးနဲ့ပြန်ပစ်တော့ လှေးကောင်းရွာထဲကျတယ်။ ပြည်သူတွေ ထိခိုက်တယ်ပေါ့နော်၊ မနေ့ကတော့  လေယာဉ်တောက်လျှောက်ဝဲနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေစတင်အသက်ဝင်ကျင့်သုံးပြီးနောက်  မင်းတပ်မြို့ထဲမှာလည်း စစ်မှုထမ်းခိုင်းဖို့ မြို့နေလူဦးရေစာရင်းတွေ ကောက်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013