DVB Logo
Home
အားကစား
မန်ယူနှင့် အဲဗာတန်အသင်းတို့ကို နည်းပြလုပ်ခွင့်ရချင်ဟု ဝိန်းရွန်းနီ ပြော
DVB
·
February 29, 2024
မန်ယူနှင့် အဲဗာတန်အသင်းတို့ကို နည်းပြလုပ်ခွင့်ရချင်ဟု ဝိန်းရွန်းနီ ပြော
Donate to DVB

တချိန်မှာ မန်ယူနဲ့ အဲဗာတန်အသင်းတွေကို နည်းပြလုပ်ခွင့်ရချင်ကြောင်း အင်္ဂလန်တိုက်စစ်မှူး ဟောင်း ဝိန်းရွန်းနီက ပြောပါတယ်။

နည်းပြဘဝအစမှာ အခက်အခဲတွေရှိသည့်တိုင်အောင် တချိန်မှာတော့ အသင်းဟောင်း မန်ယူနဲ့ အဲဗာတန်အသင်းတွေကို တာဝန်ယူချင်ကြောင်း ရွန်းနီက ပြောခဲ့တာပါ။

“ကျနော့် ရည်မှန်းချက်က ပရီးမီးယားလိဂ်ကလပ်တသင်းကို တာဝန်ယူချင်တာဖြစ်ပြီး အထူးသဖြင့် မန်ယူနဲ့ အဲဗာတန်အသင်းတွေကို ကိုင်တွယ်ခွင့်ရဖို့က အိပ်မက်တခုဖြစ်တယ်။ လာမယ့် ၁၀ နှစ်လောက်အတွင်းမှာတော့ အဲဒီလိုထိပ်တန်းအသင်းတွေကို တာဝန်ယူခွင့်ရရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ ရွန်းနီကပြော ပါတယ်။

ဝိန်းရွန်းနီဟာ  ဒါဘီအသင်းနဲ့ အတူ နည်းပြဘဝစတင်ခဲ့ပြီး အမေရိကန်ကလပ် ဒီစီယူနိုက်တက်ကို လည်း ကိုင်တွယ်ခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဘာမင်ဂမ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး သုံးလအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013