မနေ့ညကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အက်စတွန်ဗီလာဟာ နော်တင်ဟမ်ဖောရက်စ်ကို (၁-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲစဉ်အတွင်း အဲလီးယပ်အန်ဒါဆန်က အိုလီဝက်ကင်းစ်ကို ခြေချင်းဝတ် ကျိုးစေနိုင်လောက်တဲ့ အထိ ပြင်းပြန်းထန်ထန် ဖျက်ထုတ်ခဲ့ပေမဲ့ အနီကတ်မပြသခဲ့တဲ့အပေါ် နည်းပြ အူနိုင်းအမ်မရီက VAR တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဝက်ကင်းစ်ရဲ့ ဒဏ်ရာမှာ အလွန်စိုးရိမ်ရပြီး ဒီလိုရှင်းလင်းတဲ့အဖြစ်အပျက်ကို VAR က အရေးယူဖို့ ပျက်ကွက်ခဲ့တာဟာ နားမလည်နိုင်စရာ အမှားတခုလို့လည်း အမ်မရီက ပြောပါတယ်။
ဒုတိယပိုင်းမှာတော့ လူကပ်ဒင်းရဲ့ လက်ထိဘောကြောင့် ဖောရက်စ်အသင်း ပင်နယ်တီရရှိခဲ့ပြီး ခရစ်စ်ဝုဒ်က အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဗီလာဘောလုံးဒါရိုက်တာ ဗီဒါဂါနီကလည်း ပင်နယ်တီပေးဖို့ VAR ကို အသုံးပြုခဲ့ပြီး အန်ဒါဆန်ရဲ့ အနီကတ်ပြစ်ဒဏ်ကိုတော့ စစ်ဆေးခြင်းမရှိတာဟာ မမျှတဘူးလို့ ထောက်ပြခဲ့ပါတယ်။
ဖောရက်စ်အသင်းဟာ ၁ ဂိုးအသာနဲ့ လာမဲ့အပတ်မှာ ဗီလာပတ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဗိုလ်လုပွဲ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။











