
မကွေးတိုင်း၊ မကွေးမြို့မှာ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးတဲ့ ၇ တန်းကျောင်းသားယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က မကွေးမြို့၊ ကင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဧရာဝတီမြစ်အတွင်း ၇ တန်းကျောင်းသား ၄ ယောက် ရေဆင်းချိုးရာကနေ တယောက် ရေနစ် သေဆုံးခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတယောက်က “ကျောင်းသားလေး ၄ ယောက် ရေဆင်းချိုး ကြတာပါ။ ၃ ယောက်ကတော့ ကမ်းဘက်ကို ပြန်ကူးလာနိုင်တယ်။ တယောက်ကတော့ ကျန်ခဲ့တာ။ ကမ်းပေါ်ကလူတွေက ရေနစ်နေတာကိုမြင်လို့ ကယ်ဆယ်ခဲ့ပေမဲ့ အသက်ဆုံးရှုံးသွားခဲ့တာ” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၃ နှစ်ဝန်းကျင်အရွယ်ရှိပြီး ရုပ်အလောင်းကို မကွေးပြည်သူ့ ဆေးရုံကြီးဆီ ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သယ်ယူပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ကျန်ရှိတဲ့ ကျောင်းသား ၃ ယောက်ကိုတော့ မိဘတွေဆီ ပြန်လည်အပ်နှံထားတယ်လို့ သိရပါတယ်။











