DVB Logo
Home
မြန်မာသတင်း
မကွေးတွင် ဖခင်က အရက်မူးပြီး ရိုက်နှက် ကိုင်ပေါက်မှုကြောင့် ၅ နှစ်သားငယ် သေဆုံး
DVB
·
August 20, 2026
Photo: ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း
Photo: ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကန်ဦးကျေးရွာမှာ သြဂုတ် ၁၉ ရက် မနက် ၁၀ နာရီက အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက အသက် ၅ နှစ်အရွယ် သားငယ်ကို ရိုက်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက ကလေးငယ်ကို ရွာအပြင်ကို ခေါ်ထုတ်ကာ လည်ပင်းညှစ်ပြီး ရိုက်နှက်တာအပြင် ကိုင်ပေါက်တာတွေကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“အရက်ကြောင်နေတဲ့ အဖေက ကလေးကို ရွာအပြင်ခေါ်သွားပြီး တုတ်နဲ့ရိုက်တယ်၊ လည်ပင်းညှစ်တယ်၊ ကိုင်ပေါက်တယ်၊ ရိုက်နှက်တယ်၊ ကလေးက ရထားတဲ့ဒဏ်ရာတွေကြောင့်ပဲ နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။”

အခင်းဖြစ်ပြီးနောက် စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေဟာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို သယ်ယူဖို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကို အကူအညီတောင်းခဲ့တယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“ပြစ်မှုကျူးလွန်သူကိုတော့ မမိသေးဘူးလို့ ကြားတယ်။ အခင်းဖြစ်တဲ့မိသားစုက အတော်လေး နွမ်းပါးတော့ လူမှုကူညီရေးအသင်းကပဲ ကုန်ကျစရိတ်တွေ အကူအညီပေးသွားတာ။”

လတ်တလောမှာ မကွေးမြို့နယ်ရဲစခန်းက ပြစ်မှုကျူးလွန်သူ အမျိုးသားကို ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပေမဲ့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ညနေ ၄ နာရီခွဲကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ် တောင်ကြားရပ်ကွက်မှာ အရက်ကြောင်,ကြောင်နေတဲ့ ခင်ပွန်းဖြစ်သူက မိန်းမဖြစ်သူကို ထင်းခွဲသားနဲ့ ရိုက်နှက်ခဲ့လို့ သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013