DVB Logo
Home
နိုင်ငံတကာ
SAG ရုပ်ရှင်ထူးချွန်ဆုပေးပွဲ Oppenheimer ရုပ်ရှင်က အဓိကဆုများ သိမ်းပိုက်
DVB
·
February 27, 2024
SAG ရုပ်ရှင်ထူးချွန်ဆုပေးပွဲ Oppenheimer ရုပ်ရှင်က အဓိကဆုများ သိမ်းပိုက်
Donate to DVB

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ အခုတပတ်အတွင်း ကျင်းပခဲ့တဲ့ နာမည်ကျော် SAG ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အဏုမြူဗုံးဖန်တီးမှုအကြောင်း ရိုက်ကူးထားတဲ့ Oppenheimer ရုပ်ရှင်က အမျိုးသား ဇာတ်ဆောင်ထူးချွန်ဆု၊ ဇာတ်ပို့ထူးချွန်ဆု အပါအဝင် အဓိကဆုတွေ သိမ်းပိုက်သွားခဲ့ပါတယ်။

SAG ဆုကိုတော့ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကတည်းက စတင်ချီးမြှင့်လာခဲ့တာဖြစ်ပြီး ဟောလိဝုဒ်ရဲ့ အရေးပါတဲ့ အနုပညာဆိုင်ရာ ဆုတဆု ဖြစ်ကာ ရုပ်ရှင်ကားတွေအတွက်သာမက စီးရီးစ်တွေအတွက်ပါ ပေးအပ်တာပါ။ 

အခုနှစ်မှာတော့ အကြိမ် ၃၀ မြောက် ရှိလာခဲ့ပြီဖြစ်ကာ ဒီနှစ်ရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ထူးချွန်ဆု၊ ဇာတ်ပို့ထူးချွန်ဆုတွေကို Oppenheimer ရုပ်ရှင်ထဲက တွဲဖက်ညီညီ သရုပ်ဆောင်ထားကြတဲ့ မင်းသားကြီး ဆီလီယမ် မော်ဖီ၊ ရောဘတ်ဒေါင်နီ ဂျူနီယာတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ထူးချွန်ဆုကိုတော့ Killers of the Flower Moon ရုပ်ရှင်နဲ့ မင်းသမီး လီလီဂလက်စတုန်းက ရရှိခဲ့သလို ဇာတ်ပို့ထူးချွန်ဆုကိုတော့ မင်းသမီး ဒေဗိုင်း ဂျွိုင်း ရန်းဒေါ့လ်ဖ်က The Holdovers ရုပ်ရှင်နဲ့ ဆွတ်ခူးရရှိခဲ့ကြတာပါ။

ထူးချွန်ဆုပေးပွဲကိုတော့ ဆုရသရုပ်ဆောင်တွေ အပါအဝင် နာမည်ကျော်တွေ တက်ရောက်လာခဲ့ကြတာကို တွေ့ရပြီး SAG ဆု ရရှိထားတဲ့ သရုပ်ဆောင်တွေ လာမယ့် အော်စကာထူးချွန်ဆုတွေကိုရော ဆက်လက်သိမ်းပိုက်နိုင်ဦးမလားဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Mario Anzuoni

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013