
အော်စကာဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာတာမှာ Netflix ရဲ့ စပိန်စကားပြော ဂီတရုပ်ရှင် Emilia Perez က ထိပ်ဆုံးမှာ ဦးဆောင်နေပြီး The Brutalist နဲ့ Wicked ဇာတ်ကားတွေလည်း ပါဝင်ပါတယ်။
Emilia Perez ဟာ မက္ကဆီကန် မူးရစ်ရာဇာတယောက် အမျိုးသမီးအဖြစ် အသွင်ကူးပြောင်းပြီး ဘဝသစ်စတင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး အော်စရာလျာထားမှု ၁၃ ဆုအထိ ရှိပါတယ်။
The Brutalist ဇာတ်ကားကတော့ မီးလောင်တိုက်အသွင်းခံခဲ့ရာကနေ ကျန်ရစ်သူတယောက်ဟာ အမေရိကန်အိပ်မက်တွေနောက် လိုက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဒီကားနဲ့ Wicked ဇာတ်ကားက အော်စကာလျာထားမှု ၁၀ ခုစီ ရှိနေပါတယ်။
ဒီဇာတ်ကား ၃ ကားမှာ ပါဝင်တဲ့သူတွေက အဓိကဆုတွေအတွက် ရေပန်းစားနေပြီး မတ် ၂ ရက် ဟောလိဝုဒ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဆုတွေ ရရှိမှာဖြစ်ပါတယ်။
ရုပ်ရှင်မှာ အော်စကာဆုပေးပွဲက အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်ပြီး လော့စ်အိန်ဂျလိစ်တောမီးကြောင့် ဆန်ခါတင်စာရင်း ကြေညာမှုကို ဒီလအတွင်း ၂ ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။
အော်စကာ ဆန်ခါတင်စာရင်း ပေါ်ထွက်လာပြီဖြစ်တာကြောင့် ဒီစာရင်းမှာပါတဲ့သူတွေကို သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ၊ စက်အဖွဲ့သား စုစုပေါင်း ၁၁,၀၀၀ လောက်က မဲပေးရွေးချယ်ပြီး အော်စကာရုပ်တု ချီးမြှင့်တာဖြစ်ပါတယ်။
Source : Reuters










