
ချဲလ်ဆီးနဲ့ ဘရာဇီးလ်ကွင်းလယ်လူဟောင်း အော်စကာဟာ နှလုံးရောဂါအခြေအနေကြောင့် အသက် ၃၄ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။
ဆောင်ပေါလိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုလုပ်စဉ် မူးမေ့လဲကျခဲ့ပြီးနောက် သွေးဖိအားနဲ့ နှလုံးခုန်နှုန်း ရုတ်တရက် ကျဆင်းတဲ့ရောဂါ ခံစားနေရကြောင်း သိရှိခဲ့ရတာပါ။
အော်စကာဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီမီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ဖူးသလို တရုတ်စူပါလိဂ်မှာလည်း ၈ နှစ်နီးပါး သွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။
အော်စကာက “ဆောင်ပေါလိုအသင်းအတွက် ဒီထက်မက ကစားပေးချင်သေးပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုလို ဖြစ်ခဲ့ရပါတယ်” လို့ဆိုကာ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။










