DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးသမ္မတဟောင်း ဘော်လ်ဆိုနာရို အာဏာသိမ်းရန်မကြိုးပမ်းခဲ့ဟု ငြင်းဆို
DVB
·
February 26, 2024
ဘရာဇီးသမ္မတဟောင်း ဘော်လ်ဆိုနာရို အာဏာသိမ်းရန်မကြိုးပမ်းခဲ့ဟု ငြင်းဆို
Donate to DVB

ဘရာဇီးသမ္မတဟောင်း ဂျိုင်ရာဘော်လ်ဆိုနာရိုဟာ ဖေဖော်ဝါရီ ၂၆ ရက်မှာ ဆော်ပေါ်လိုမြို့က နာမည်ကျော် ပေါ်လစ္စတာရင်ပြင်မှာ ထောက်ခံသူ ထောင်ပေါင်းများစွာနဲ့အတူ စုဝေးခဲ့ကြပြီး အင်အားပြခဲ့သလို ရွေးကောက်ပွဲရှုံးချိန်မှာ အာဏာသိမ်းဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ စွဲချက်တွေကိုလည်း ငြင်းဆိုသွားခဲ့ပါတယ်။

လက်ယာစွန်းဝါဒီ သမ္မတဟောင်းဟာ မိနစ် ၂၀ ကြာ မိန့်ခွန်းပြောရာမှာ  ၂၀၁၉ ကနေ ၂၀၂၂ အထိ သူ တာဝန်ယူဆောင်ရွက်ခဲ့တာတွေကို ခုခံပြောကြားသွားခဲ့ပါတယ်။

၂၀၂၂ သမ္မတရွေးကောက်ပွဲ အရေးနိမ့်အပြီးမှာ အာဏာမလွှဲပေးချင်လို့ အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဘော်ဆိုနာရိုဟာ ပတ်စ်ပို့ပါ အသိမ်းခံထားရပြီး နိုင်ငံပြင်ပထွက်ခွင့် ပိတ်ခံထားရပါတယ်။

အဲဒီတုန်းက ပြိုင်ဘက် လက်ဝဲယိမ်း သမ္မတဟောင်း (လက်ရှိသမ္မတတစ်ကျော့ပြန်ဖြစ်နေသူ) လူးဝစ်ဇ် အီနာစီယို လူလာဒါဆေးဗားကို အရေးနိမ့်ခဲ့ပြီးတဲ့နောက်  ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ အမိန့်ဒီဂရီမူကြမ်း တည်းဖြတ်မှု၊ အာဏာသိမ်းဖို့ကြိုးစားရာမှာ စစ်ဦးစီးချုပ်တွေ ပါဝင်ဖို့ ဖိအားပေးမှု၊ တရားရုံးချုပ်တရားသူကြီးကို ထောင်ချပစ်ဖို့ ကြံစဉ်မှုတွေနဲ့ ဘော်ဆိုနာရိုဟာ စုံစမ်းစစ်ဆေးခံနေရပါတယ်။

ဘော်ဆိုနာရိုထောက်ခံသူတွေကတော့ သူ့ကို အမေရိကသမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ နှိုင်းယှဉ်ကြပါတယ်။

လူလာသမ္မတ တာဝန်ယူပြီး တပတ်အကြာမှာ ဘော်ဆိုနာရိုထောက်ခံသူ တွေဟာ သမ္မတနန်းတော်၊ တရားရုံးချုပ်နဲ့ လွှတ်တော်ကို ဝင်စီးပြီး စစ်အာဏာသိမ်းဖို့ တောင်းဆိုခဲ့ကြ ပါတယ်။

Source/Photo-REUTERS/Ueslei Marcelino

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013