DVB Logo
Home
နိုင်ငံတကာ
တောင်ကာရိုလိုင်းနားပြည်နယ် အကြိုရွေးကောက်ပွဲတွင် ထရမ့်ပ် အနိုင်ရ
DVB
·
February 26, 2024
တောင်ကာရိုလိုင်းနားပြည်နယ် အကြိုရွေးကောက်ပွဲတွင် ထရမ့်ပ် အနိုင်ရ
Donate to DVB

အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့တဲ့ ရီပတ်ဘလီကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပ်ကပဲ နစ်ကီဟေလီကို အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ Edison Research ရဲ့ စစ်တမ်းကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

နစ်ကီဟေလီ မွေးဖွားခဲ့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ခဲ့ဖူးတဲ့ တောင်ကာရိုလိုင်းနားမှာပါ ထရမ့်က နိုင်သွာပြီးတဲ့နောက်မှာတော့ ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ မကျေပွဲနွှဲဖို့ သေချာသလောက် ရှိလာပြီဖြစ်ပါတယ်။

“ရီပတ်ဘလီကန်ပါတီဟာ အခုနေအခါလောက် ညီညွတ်တာမျိုး တခါမှ မမြင်ဖူးပါဘူး” လို့ ထရမ့်ပ်က တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ မြို့တော် ကိုလံဘီယာမှာ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

မိနစ် ၃၀ ကြာတဲ့ မိန့်ခွန်းမှာ ထရမ့်ပ်ဟာ ဟေလီ့နာမည်ကို တခွန်းမှတောင် ထည့်ပြောမသွားခဲ့ဘဲ အရေးလုပ်စရာကို မလိုတော့တဲ့သဘော ပြသသွားပါတယ်။

ထရမ့်ပ်က အိုင်အိုဝါ၊ နယူးဟမ့်ပ်ရှိုင်းယား၊ နီဗားဒါး၊ ဗာဂျင်းအိုင်းလန်းနဲ့ အခု တောင်ကာရိုလိုင်းနားပြည်နယ်မှာပါ နိုင်သွားပေမဲ့ ထရမ့်ပ်ရဲ့ တဦးတည်းကျန်တဲ့ ပြိုင်ဘက် ဟေလီကတော့ လက်လျှော့ဖို့အလားအလာ မရှိသေးပါဘူး။

အနည်းဆုံးတော့ Super Tuesday လို့ သတ်မှတ်ထားတဲ့ ပြည်နယ် ၁၅ ပြည်နယ်မှာ တနေ့တည်းပြိုင်မယ့် မတ်လ ၅ ရက်နေ့အထိ ဆက်ပြိုင်သွားဦးမယ့်သဘော ပြောထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013