DVB Logo
Home
နိုင်ငံတကာ
SAG ဆုပေးပွဲတွင် Oppenheimer ဇာတ်ကား ဆက်လက်အောင်ပွဲခံ
DVB
·
February 25, 2024
SAG ဆုပေးပွဲတွင် Oppenheimer ဇာတ်ကား ဆက်လက်အောင်ပွဲခံ
Donate to DVB

ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ Oppenheimer ဇာတ်ကားဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပတဲ့ ရုပ်ရှင်သရုပ်ဆောင်အစည်းအရုံး (SAG) ဆုပေးပွဲမှာလည်း ဆက်လက် အောင်ပွဲခံသွားခဲ့ပါတယ်။

Oppenheimer ဇာတ်ကားဟာ ရွှေကမ္ဘာလုံးဆုပေးပွဲ၊ ဘက်ဖ်တာ ဆုပေးပွဲတွေတုန်းကလိုပဲ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ခီလီယန်မာဖီ၊ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုအတွက် ရောဘတ်ဒေါင်းနီးဂျူနီယာတို့ ဆွတ်ခူးခဲ့ကြပါတယ်။ 

သရုပ်ဆောင်တွေရဲ့ မဲနဲ့ပေးတဲ့ဆုပေးပွဲ ဖြစ်တာကြောင့် အကောင်းဆုံးဇာတ်ကားဆုရယ်လို့ မပေးဘဲ အကောင်းဆုံးရုပ်ရှင် သရုပ်ဆောင်များဆု (Best Film Cast) ဆိုပြီးတော့ ပေးတဲ့နေရာမှာလည်း Oppenheimer ဇာတ်ကားပဲရရှိခဲ့ပါတယ်။ 

လာမယ့် မတ် ၁၀ ရက်နေ့မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာလည်း သရုပ်ဆောင်အလွှာက လူတွေရဲ့ မဲက အဓိကကျတာကြောင့် မာဖီနဲ့ ရောဘတ်ဒေါင်းနီးဂျူနီယာတို့ပဲ ထပ်ရဖို့ တစ်ပြေးနေပါတယ်။ 

အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ Killers of the Flower Moon ဇာတ်ကားက လီလီဂလတ်စတုန်းက ဆွတ်ခူးသွားပါတယ်။ 

ရွှေကမ္ဘာလုံးမှာလည်း ဂလတ်စတုန်း ပဲရထားပြီး ဘတ်ဖ်တာတုန်းက Poor Things ဇာတ်ကားနဲ့ အမ်မာစတုန်း ရထားတာဖြစ်တဲ့အတွက် လာမယ့်အော်စကာမှာ သူတို့နှစ်ဦး အဓိကလုရမယ်လို့ ခန့်မှန်းနေကြပါတယ်။ 

The Holdovers ဇာတ်ကားနဲ့ ရွှေကမ္ဘာလုံးဇာတ်ပို့ဆုရထားတဲ့ ဒါဗိုင်းဂျွိုင်းရန်းဒေါ့ဖ်ပဲ SAG အမျိုးသမီးဇာတ်ပို့ဆု ရသွားပါတယ်။ 

ရုပ်မြင်သံကြားကဏ္ဍမှာတော့ စားသောက်ဆိုင်ဇာတ်မြူး The Bear က ရုပ်သံဇာတ်မြူး အကောင်းဆုံးသရုပ်ဆောင်များဆုအပြင် ဇာတ်ဆောင်ဆု ဇာတ်ပို့ဆုတွေပါ ရသွားပါတယ်။ 

Succession ဇာတ်လမ်းတွဲ နောက်ဆုံး Season ကတော့ ဒရာမာအကောင်းဆုံးသရုပ်ဆောင်များ ဆုရသွားပါတယ်။ 

The Crown ဇာတ်လမ်းတွဲမှာ ဝေလမင်းသမီးဒိုင်ယာနာ နေရာသရုပ်ဆောင်တဲ့ အဲလိဇဘက်ဒီဘက်ကီ က အကောင်းဆုံးအမျိုးသမီး တီဗွီဒရာမာ သရုပ်ဆောင်ဆုရသွားပါတယ်။ 

The Last of Us က သရုပ်ဆောင် ပက်ဒရိုပက်စ်ကယ်လ်က အကောင်းဆုံးအမျိုးသား တီဗွီဒရာမာ သရုပ်ဆောင်ဆုရသွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013