DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်တွင် ၁ လအတွင်း အရပ်သား ၃၃ ဦးသေဆုံး၊ စစ်ရှောင် ၉ သောင်းကျော်ရှိ
DVB
·
February 25, 2024
ရှမ်းတောင်တွင် ၁ လအတွင်း အရပ်သား ၃၃ ဦးသေဆုံး၊ စစ်ရှောင် ၉ သောင်းကျော်ရှိ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်တို့မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်တဲ့ ၁ လအတွင်း ကလေး ၅ ယောက် အပါအဝင် အရပ်သား ၃၃ ယောက် သေဆုံးခဲ့ပြီး နေအိမ်စွန့်ခွာထွက်ပြေးရသူ ၉ သောင်းကျော် ရှိလာတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာ၊ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သေဆုံးကြတာဖြစ်ပြီး ကလေး ၂ ယောက်အပါအဝင် အမျိုးသား ၂၈ ယောက်၊ ကလေး ၃ ယောက်အပါအဝင် အမျိုးသမီး ၄ ယောက်နဲ့ ကျား၊ မ အတည်မပြုနိုင်သေးတာ ၁ ယောက် ပါတယ်လို့ ဆိုပါတယ်။

ဒါတွေဟာ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ပအိုဝ်းလူငယ်အစည်းအရုံး PYO က လက်လှမ်းမီရရှိတဲ့ မြေပြင်နဲ့ အွန်လိုင်းပေါ်က အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုများနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဒီကာလအတွင်း မြို့ ၃ မြို့က ရပ်ကွက် ၆ ခု၊ ကျေးရွာ ၁၂၀ က အရပ်သားပြည်သူပေါင်း ၉၁,၀၀၀ ကျော် စစ်ရှောင်နေရပြီး နောက်ထပ် အတည်မပြုနိုင်သေးတဲ့နေရာတွေ ရှိသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေး ၄ ယောက် အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၅၁ ယောက်၊ မတရားဖမ်းဆီးခံရသူ ၇ ယောက်ရှိပြီး  ဘာသာရေး အဆောက်အဦ ၁၂ ခုနဲ့အရပ်သား နေအိမ် ၈၃ လုံးနဲ့အထက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့ တလအတွင်း မြို့ထဲလူနေရပ်ကွက်နဲ့ အရပ်သားကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ၂၇၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၆၂၈ ကြိမ် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တာကြောင့် စစ်ရှောင်တွေလည်း နေ့စဉ်တိုးနေပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “စားနပ်ရိက္ခာလိုအပ်နေတယ်။ ဆေးဝါးလိုအပ်နေတယ်။ အချိန်ကြာလာတဲ့အမျှ သွားရောက်ခိုလှုံတဲ့ရွာ ဘုန်းကြီးကျောင်းတွေမှာ အလှူရှင် မရှိတော့ဘူး။ ဒီနေ့ရှိ မနက်ဖြန် အတွက် ပူနေရတယ်။ အလှူရှင်က အရမ်းနည်းတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆီဆိုင်မြို့ကို ပစ္စည်းပြန်သယ်တဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ၇ ယောက်သေဆုံးပြီး ၆ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ PYO က ဆိုပါတယ်။ဆီဆိုင်၊ ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်တို့မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နဲ့ တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်စခန်းတွေ တခုပြီးတခုကို တိုက်ခိုက် သိမ်းပိုက်နေပြီး စစ်ကောင်စီကလည်း တပ်စခန်းတွေ ပြန်လည်ရရှိအောင် လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်း စတဲ့ သာလွန်အင်အားနဲ့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013