DVB Logo
Home
အားကစား
ရလဒ်ကောင်းရရန်အတွက် အမြန်ဆုံးအဖြေရှာရန်လိုပြီဟု မန်ယူနောက်ခံလူ မက်ဂွဲယား ပြော
DVB
·
February 25, 2024
ရလဒ်ကောင်းရရန်အတွက် အမြန်ဆုံးအဖြေရှာရန်လိုပြီဟု မန်ယူနောက်ခံလူ မက်ဂွဲယား ပြော
Donate to DVB

မန်ယူနိုက်တက်အသင်းအနေနဲ့ ရလဒ်ကောင်းပြန်ရဖို့ အမြန်ဆုံးအဖြေရှာဖို့လိုအပ်ကြောင်း နောက်ခံလူ မက်ဂွဲယားက ပြောသွားပါတယ်။

မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဖူဟမ်နဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ဂိုးကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တာပါ။

အသင်းအတွက် တဂိုးသွင်းပေးခဲ့သူ နောက်ခံလူ မက်ဂွဲယားကတော့ ဟွိုက်လန်း မပါနိုင်တဲ့ တိုက်စစ်ပိုင်းနဲ့ ဒဏ်ရာ ပြဿနာတွေရှိနေတာက အသင်းကို ခက်ခဲစေခဲ့ပြီး ရလဒ်ကောင်းပြန်ရဖို့ အမြန်ဆုံးအဖြေရှာသင့်ကြောင်း ပွဲအပြီးမှာပြောသွားတာပါ။

ဒဏ်ရာပြဿနာတွေက တရာသီလုံး ဒုက္ခပေးခဲ့ပြီး တိုက်စစ်ပိုင်းက တိုးတက်ဖို့ လိုအပ်နေသေးကြောင်း မက်ဂွဲယားက ပြောပါတယ်။

မန်ယူအသင်းဟာ ဖူဟမ်ကို ရှုံးနိမ့်မှုကြောင့် အဆင့် ၄ နေရာက ဗီလာနဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013