DVB Logo
Home
အားကစား
အင်္ဂလန်တွင် ပထမဆုံးဆုဖလားရယူရန်  နည်းပြ ပိုချက်တီနို မျှော်လင့် 
DVB
·
February 24, 2024
အင်္ဂလန်တွင် ပထမဆုံးဆုဖလားရယူရန်  နည်းပြ ပိုချက်တီနို မျှော်လင့် 
Donate to DVB

အင်္ဂလန်ဘောလုံးလောကမှာ ပထမဆုံးဆုဖလားရယူနိုင်ဖို့က အိပ်မက်တခုဖြစ်ကြောင်း ချဲလ်ဆီး နည်းပြပိုချက်တီက ပြောသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ ကရာဘောင် လိဂ်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်သွားရမှာပါ။

ဒီဖလားရယူနိုင်မယ်ဆိုရင် နည်းပြပို ချက်တီနိုအတွက် အင်္ဂလန်မှာ ရရှိတဲ့ ပထမဆုံး ဆုဖလားဖြစ်လာမှာပါ။ 

ကစားသမားတွေနဲ့ အသင်းနည်းပြအဖွဲ့အတွက် ကြီးမားတဲ့ အခွင့်အရေးတခုဖြစ်ပြီး  ဆုဖလားရယူနိုင်ဖို့က အိပ်မက် တခုဖြစ်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။

ကစားသမားအများစုအတွက် ပထမဆုံး ဗိုလ်လုပွဲဖြစ်နေလို့ လီဗာပူးအသင်းက ပိုမိုရေပန်းစားတဲ့ အသင်းဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ အခွင့်အရေးဆတူရှိနေကြောင်း ပိုချက်တီနိုက ပြောပါတယ်။

ဝင်ဘလေကွင်းမှာကစားမယ့် ချဲလ်ဆီးနဲ့ လီဗာပူးတို့ရဲ့ လိဂ်ဖလားဗိုလ်လုပွဲကို ဒီတပတ်တနင်္ဂနွေနေ့ ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013