DVB Logo
Home
မြန်မာသတင်း
စိုင်ပြင်နှင့် ရေဦးမြို့များရှိ စစ်စခန်းများကို PDF က ဗုံးကြဲတိုက်ခိုက်
DVB
·
February 23, 2024
စိုင်ပြင်နှင့် ရေဦးမြို့များရှိ စစ်စခန်းများကို PDF က ဗုံးကြဲတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့နဲ့ ရေဦးမြို့က စစ်ကောင်စီအထိုင်စခန်းတွေကို ဒရုန်းယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဒရုန်းယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့လည်း ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ဘုတလင်နင်ဂျာအဖွဲ့ တာဝန်ရှိသူက “၂ ရက်တာ ဒရုန်းနဲ့ ဗုံးသီးချတာက ၁၁ လုံးအထိ ချခဲ့တယ်။ မြေပြင်ကနေလည်း လက်နက်ကြီး အလုံး ၇၀ ကျော်နဲ့ ပစ်ခတ်သေးတယ်ဗျ။ နောက်ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးကျပြီး ၇ ဦး ဒဏ်ရာရရှိသွားတယ်ဗျ။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး။ တိုက်ပွဲကတော့ မနေ့ ၂၂ ရက်နေ့ ညနေကမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျနော်တို့ဘက်က နောက်ဆုတ်ခဲ့တာ” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို Ninja Drone Team၊ ဘုတလင် PDF မဟာမိတ်ညီနောင်များ၊ Golden brother၊ ရွှေဘိုခရိုင်တပ်ရင်း ၁၂၊ ဒီပဲယင်းပကဖ၊ ဒုံးပျံအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ ရေဦးမြို့ပေါ်က ပြည်သူ့အားကစားကွင်းမှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ရွှေဘိုခရိုင်တပ်ရင်း ၁၄၊ ရေဦး PDF အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၁ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၁၄ အဖွဲ့ တာဝန်ရှိသူ ကိုဇွဲက “စစ်ကောင်စီဘက်က အားကစားရုံ အဆောက်အဦအတွင်း အစည်းအဝေးလုပ်နေတယ်လို့ ဖရဲသီးက သတင်းအတိအကျပေးလို့ Fixed-Wing Drone နဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာဗျ။ ၂ ကောင်ကတော့ မျက်မြင်ဆွဲထုတ်သွားတာတော့ တွေ့လိုက်တယ်။ သတင်းအတိအကျရဖို့ ကြိုးစားနေပေမဲ့ ဖရဲသီးဘက်က အခွင့်မသာလို့‌ နေမယ်ဗျ၊ ဖုန်းလက်ခံမပြောသေးတော့ အတိအကျ မသိရသေးဘူး။ ဒေသခံတွေ ပြောစကားအရကတော့ (--)နှစ်ကောင် ထိခိုက်ပြီး အစည်းအဝေးလုပ်တာ ပျက်သွားတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ၁၀၂၇ စစ်ဆင်ရေး အပစ်အခတ် ယာယီရပ်ဆိုင်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ၄ လကြာ  ထိန်းသိမ်းထားတဲ့ ကောလင်းမြို့ကိုပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် ပြန်လည်သိမ်းပိုက်ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ကောလင်းမြို့ပေါ်က ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013