DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီဆိုင်များ  ဈေးတင်မရောင်းရန် စစ်တပ်က လိုက်စစ်နေ
DVB
·
February 23, 2024
ဧရာဝတီတိုင်းတွင် စက်သုံးဆီဆိုင်များ  ဈေးတင်မရောင်းရန် စစ်တပ်က လိုက်စစ်နေ
Donate to DVB

ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို ဆီဆိုင် မပိတ်ဖို့၊ ဈေးတင်မရောင်းဖို့နဲ့ အကန့်အသတ်နဲ့ မရောင်းဖို့ဆိုပြီး စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၂၁ ရက်ကစတင် လိုက်လံစစ်‌ဆေးသတိပေး ခြိမ်းခြောက်နေတယ်လို့  ဒေသခံတွေ ဆီကသိရပါတယ်။

ဧရာဝတီတိုင်းထဲက ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ ၊ ကျုံပျော်၊ မအူပင် စတဲ့ မြို့နယ်တွေမှာ စက်သုံးဆီ တွေရောင်းချတာမရပ်ဖို့ ၊ အကန့်အသတ်နဲ့ မရောင်းဖို့၊ ဈေးတင် မရောင်းဖို့၊ ဆီပြတ်တာမဖြစ်စေဖို့ အဲ့ဒီစစ်ဆေးတဲ့အချက်တွေကို ဖောက်ဖျက်တာတွေ့ရင် ဖမ်းဆီးအပြစ်ပေးအရေးယူမယ်ဆိုပြီး စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့ကသတိပေးနေတာပါ။

မအူပင်မြို့က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ရဲတွေစစ်သားတွေ လာစစ်ဆေးတော့ လန့်သွားတာ။ ဆီဈေးမကစားဖို့၊ မရောင်းဘဲမနေဖို့၊ အကန့်အသတ်နဲ့ မရောင်းဖို့။ အဓိကလက်ရှိဖြစ်နေတဲ့ ဆီပြတ်လပ်နေတဲ့ ဆိုင်တွေ ပိတ်ရတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ စစ်ဆေးတာလို့ ပြောတယ်။ စက်သုံးဆီရောင်းချတဲ့ ဆိုင်တွေကိုပဲ သီးသန့်စစ်ဆေးတာ။ စက်သုံးဆီတွေမရောင်းတာ၊ ဈေးတက်ရောင်းတာ၊ အကန့်အသတ်နဲ့ရောင်းတာ၊ ဆိုင်ပိတ်ထားတာတွေ လုပ်ရင် ဖမ်းဆီးအရေးယူ အပြစ်ပေးမယ်လို့ပြောသွားတာ။ တခြားနေရာတွေမှာလည်း စစ်နေတယ်လို့ကြားတယ်။ ရောင်းတဲ့ သူတွေပဲ လိုက်စစ်ဆေး ခြိမ်းခြောက်နေတာ။ စက်သုံးဆီတင်သွင်းတဲ့ သူတို့ကျ တာဝန်မရှိတာကြနေတာပဲ။ လောက်လောက် ငငလုပ်ပေးထားလို့” လို့ ပြောပါတယ်။

စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို လိုက်ပြီး စစ်ဆေးသတိပေးတာဟာ စက်သုံးဆီတွေကို မရောင်းဘဲ သိုလှောင်ထားတာနဲ့ ဈေးတင်ရောင်းတာ၊ ဆိုင်ပိတ်ထားတာ၊ စက်သုံးဆီတွေဆီပြတ် လပ်နေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေ ဖြန့်နေတာနဲ့ပတ်သက်လို့ အခုလိုစစ်ဆေးအရေးယူဖို့ သတိပေး စစ်ဆေးနေတာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

“သက်သက်ဈေးကစားချင်လို့ နိုင်ငံဆူပူအောင် လုပ်ချင်လို့ ဆီတွေပြတ်လပ်နေတယ်လို့ လုပ်ဖို့ရည်ရွယ်ချက်ရှိရှိလုပ်လာလို့ သတိပေးစစ်ဆေးတာဆိုပြီး လိုက်စစ်နေတာပဲ။ ဆီဆိုင်တွေကို စစ်ဆေးအသိပေးပြီးတဲ့နောက် အခုလိုဖြစ်စဉ်တွေထပ်ရှိလာရင် ဖမ်းဆီး အရေးယူ အပြစ်ပေးတာတွေလုပ်သွားမှာလို့သိရတယ်။”

စစ်ဆေးသတိပေးတဲ့အဖွဲ့မှာ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ စားသုံးသူရေးရာဌာန၊ သစ်တောဦး စီးဌာနနဲ့ မြို့နယ်အဆင့်တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက စစ်ဆေးသတိပေးနေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီတွေ ပြတ်လပ်မှုကြောင့် စက်သုံးဆီဆိုင် ၁၇ ဆိုင်အရောင်း ရပ်ဆိုင်းထားလိုက်ရပြီဖြစ်တယ်လို့သိရပြီး ဖေဖော်ဝါရီ ၂၀ ရက်ကနေ ဒီကနေ့ ၂၃ ရက်အထိ ဓာတ်ဆီ 92 - ၁ လီတာ ၃၃၀၀ ကျပ်၊ဓာတ်ဆီ 95 - ၁ လီတာ ၃၆၀၀ ကျပ်၊ ဒီဇယ် ၁ ဂါလံ ၂၉၅၅၀ ကျပ်ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013