DVB Logo
Home
မြန်မာသတင်း
သာယာဝတီထောင်၌ ရာဇဝတ်အကျဉ်းသားက နိုင်ကျဉ်းလူငယ်အချို့ကို လိင်တူချင်း အဓမ္မပြုရန် ကြိုးပမ်း
DVB
·
February 22, 2024
သာယာဝတီထောင်၌ ရာဇဝတ်အကျဉ်းသားက နိုင်ကျဉ်းလူငယ်အချို့ကို လိင်တူချင်း အဓမ္မပြုရန် ကြိုးပမ်း
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နှစ်ကြီးကျ ရာဇဝတ်အကျဉ်းသားတချို့က နိုင်ငံရေးအကျဉ်းသား လူငယ်တချို့ကို လိင်တူခြင်း အဓမ္မပြုကျင့်ဖို့ ကြိုးစားတာတွေ ရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား အချင်းချင်း ကာကွယ်စောင့်ရှောက်နေရတယ်လို့ အကျဉ်းသားဟောင်းတွေထံက သိရပါတယ်။

သာယာဝတီထောင်မှာ သေဒဏ်နဲ့ နှစ်ကြီးကျအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အခန်းလူကြီး၊ တန်းစီး ဆိုပြီး အကျဉ်းသားအချင်းချင်း ထိန်းကျောင်းဖို့ တာဝန်ပေး ခန့်ထားလေ့ရှိပါတယ်။

သေဒဏ်ချမှတ်ခံရပြီး ထောင်သက် အနှစ် ၂၀ ရှိ ဓားပြမှုနဲ့ အိုးဘိုထောင်ကပြောင်းလာသူ ပျူးကြီးဆိုသူက ဒီနှစ် ဖေဖော်ဝါရီလ အစပိုင်းမှာ LGBT ဘက်ကို တိမ်းညွတ်သူ လူငယ်တယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ အားထုတ်ခဲ့တယ်လို့ ထောင်ကလွတ်လာတဲ့ အကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားလူငယ်က လက်မခံတဲ့အတွက် ကျောက်ခဲအိတ်နဲ့ ထုရိုက်တာကြောင့် ခေါင်းကွဲပြီး ၉ ချက်အထိ ချုပ်လိုက်ရပါတယ်။

အဲ့ဒိကိစ္စအတွက် ထောင်အာဏာပိုင်ကို တိုင်ကြားခဲ့ပေမဲ့ တိုက်တန်းစီးကနေ စည်းကမ်းထိန်းသိမ်းရေး နေရာကို ရွှေ့ပြောင်း ခန့်အပ်လိုက်ပြီး သူတို့ကိစ္စကို ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့လည်း အကျဉ်းသားဟောင်းက  ပြန်ပြောပြပါတယ်။

“ထောင်တွေထဲမှာက နှစ်အကြာကြီးနေခဲ့တဲ့သူတွေဟာ လူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပစ်မှတ်အဖြစ် ထားလေ့ရှိပါတယ်။ သူတို့ကို အမျိုးမျိုးစည်းရုံးပြီး သိမ်းသွင်းလို့မရခဲ့ရင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုတွေပါ ဖြစ်တတ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအချင်းချင်း စုပေါင်းစောင့်ရှောက်ထားတယ်" လို့လည်း ဆိုပါတယ်။

အဲ့ဒိကိစ္စတွေ အများစုကို လုပ်နေသူတွေက ထောင်ဝန်ထမ်းတွေကို ထောင်ထဲကနေ ငွေရှာပေးနေသူတွေ ဖြစ်လို့ ထောင်ကလည်း သူတို့ကို ကာကွယ်ပေးထားပါတယ်။

သာယာဝတီထောင် အဆောင်အမှတ် (၆-ရ) ဆောင်က အကြွေးမပေးနိုင်တဲ့ သူတယောက်ကိုလည်း အကြွေးလျော်ပေးဖို့အတွက် လိင်ပိုင်းဆိုင်ရာ ပြန်ပေးဖို့ တောင်းဆိုခံခဲ့ရတယ်လို့  ထောင်ကလွတ်လာသူ တဦးထံက သိရပါတယ်။

အခုလိုမျိုးကိစ္စတွေက ထောင်အများစုမှာရှိပြီး ကျူးလွန်သူအများစုဟာ နှစ်ကြီးကျ အကျဉ်းသားနဲ့ သေဒဏ်ကျသူတွေ များကြပါတယ်။

သာယာဝတီထောင်မှာ အကျဉ်းသား စုစုပေါင်း ၃,၀၀၀ ကျော်ရှိပြီး  အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားက  ၁,၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဆောင်တွေက အခန်းတခန်းမှာ အကျဉ်းသားအရေအတွက် အယောက် ၇၀ ကနေ ၈၀ ကျော်အထိ ကြပ်ညပ်နေအောင် တယောက်နဲ့တယောက် အသားချင်းထိပြီး အိပ်ရတာကြောင့် အခုလိုကိစ္စမျိုးတွေက မကြာခဏ ဖြစ်ရတာလို့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပါတယ်။

အခုလိုကိစ္စတွေ ဖြစ်နေတာနဲ့ပတ်သက်ပြီး သာယာဝတီထောင် ရုံးခန်းကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

  မင်းညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013