DVB Logo
Home
နိုင်ငံတကာ
သေဒဏ်ချမှတ်ခံရသည့် သြစတြေးလျစာရေးဆရာကို ကာကွယ်ပေးထားဟု တရုတ်ပြော
DVB
·
February 22, 2024
သေဒဏ်ချမှတ်ခံရသည့် သြစတြေးလျစာရေးဆရာကို ကာကွယ်ပေးထားဟု တရုတ်ပြော
Donate to DVB

သြစတြေးလျစာရေးဆရာ ယန်ဟန်ကျွင်းရဲ့ တရားဝင်အခွင့်အရေးတွေကို ဥပဒေနဲ့အညီ ကာကွယ်ပေးထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ကျန်းမာရေး ယိုယွင်းလာမှာကို စိုးရိမ်လို့ ဆိုင်းငံ့သေဒဏ်ကို အယူခံမဝင်ဖို့ ယန်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မော်က ခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးမှုနဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်တယ်လို့လည်း မော်က မြို့တော် ပေကျင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီမိုကရက်တစ် ဘလော့ဂါနဲ့ သူလျှိုဝတ္ထုရေးဆရာ ယန်ဟာ ၂၀၁၉ ခုနှစ်တုန်းက ကွမ်ကျိုးလေဆိပ်မှာ အဖမ်းမခံရခင် နယူးယောက်မြို့မှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံဖွား သြစတြေးလျနိုင်ငံသား ဖြစ်ပါတယ်။

ယန်ဟာ တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ်ပေးမှုကို အယူခံဝင်ခဲ့ရင် သူ့အတွက် ဆေးဝါးကုသမှုကို ကြီးကြပ်ကွပ်ကဲရေး နှောင့်နှေးမှာဖြစ်လို့ အယူခံမဝင်တော့ဘူးလို့ သူ့မိသားစုက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ယန်ကို သူလျှိုစွဲချက်နဲ့ တံခါးပိတ် စွဲချက်တင် စစ်ဆေးအပြီး ပေကျင်းမြို့တော်မှာ ငါးနှစ်ကြာ ထိန်းသိမ်းခဲ့တာပါ။

အဲဒီနောက် အခုလမှာ ပေကျင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့လို့ မိသားစုနဲ့ ထောက်ခံသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013