DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ဘဏ်နှင့် ရွှေဆိုင်လုယက်မှုပေါင်း  ၈၀ ကျော်ရှိ
DVB
·
February 21, 2024
စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ဘဏ်နှင့် ရွှေဆိုင်လုယက်မှုပေါင်း  ၈၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း နိုင်ငံတဝန်း ဘဏ်နဲ့ ရွှေ ဆိုင်လုယက်မှုဖြစ်စဉ်ပေါင်း ၈၂ ခုအထိ ဖြစ်ပွားခဲ့တယ်လို့ Data for Myanmar အဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုလို  ရွှေဆိုင်နဲ့ ဘဏ်တွေကို ပစ်မှတ်ထားတဲ့ လုယက်မှု၊ ဓားပြမှုတွေဟာ အရင်တုန်း ကတော့ အဖြစ်နည်းတဲ့ မှုခင်းတွေ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာတော့ သိသိသာသာ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ဘဏ်လုယက်မှု ဖြစ်စဉ်တွေက ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အများဆုံး ဖြစ်ပွားခဲ့ပါတယ်၊ အဲဒီနောက်ပိုင်းမှာ တဖြေးဖြေးနဲ့ လျော့နည်းလာခဲ့ကာ ရွှေဆိုင်လုယက်မှုဖြစ်စဉ် တွေက ပိုများလာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလကနေ အခုနှစ် ဖေဖော်ဝါရီလအထိ လတိုင်း အနည်းဆုံး တကြိမ်ဖြစ်နေတာလို့ Data for Myanmar အဖွဲ့က ဆိုပါတယ်။

မြို့အလိုက် ရွှေဆိုင်လုယက်မှု ဖြစ်စဉ်တွေမှာတော့ မန္တလေးမြို့က အမှုပေါင်း ၁၂ ခုနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်က ၆ ခု၊ ဖားကန့်မှာ ၃ ခုစီနဲ့ အများဆုံး ဖြစ်ပွားခဲ့တာကို တွေ့ရ ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့တွေမှာလည်း ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

ကျူးလွန်သူတွေအနေနဲ့ ဘဏ်နဲ့ ရွှေဆိုင် လုယက်ဓားပြမှုတွေမှာ တဦးချင်းစီကနေ ၁၀ ဦးအထိ အုပ်စုလိုက် ကျူးလွန်မှု ပုံစံတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ရွှေဆိုင်လုယက်မှု ကြိုးပမ်းတဲ့ ဖြစ်စဉ် ၇ ခုနဲ့ ကျူးလွန်မှု အထမြောက်တဲ့ ဖြစ်စဉ် ၅၀ အ ထိ ရှိခဲ့ပြီး ထိခိုက်မှုအနေနဲ့ ရွှေဆိုင်ဝန်ထမ်းနဲ့ ဆိုင်ရှင်ဘက်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

ဖြစ်စဉ်တခုချင်းစီအလိုက် ဆုံးရှုံးမှု တန်ဖိုးတွေကို တွက်ချက်နိုင်ဖို့ကတော့ ဒီထက်ခိုင်မာတဲ့ သတင်းရင်းမြစ်တွေ လိုအပ်ပြီး ဖြစ်စဉ်ဖြစ်ပွားတဲ့ ရက်က ရွှေတကျပ်သားတန်ဖိုးနဲ့ အနိမ့်ဆုံး ဆုံးရှုံးမှု ပမာဏကို အခြေခံပြီး တွက်ချက်မှုအရ ရွှေဆိုင်လုယက်မှုတွေမှာ ရွှေ နဲ့ ငွေသားတွေအပါဝင် ကျပ်သန်းပေါင်း ၁၅,၀၀၀ နီးပါး ဆုံးရှုံးနိုင်တယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

လုယက်မှုတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီး ရေတွက်ထားတာဖြစ်ပြီးတော့ လူနေအိမ်၊ ဈေးဆိုင်/အရောင်းဆိုင်၊ လမ်းပေါ်နဲ့ ယာဉ်ပေါ်မှာဖြစ်တဲ့ လုယက်မှု၊ ဓားပြမှုတွေကိုတော့ အခုအချက်အလက်တွေမှာ ထည့်သွင်းရေတွက်မထားဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဖြစ်စဉ်တခုချင်းစီအလိုက် ဖမ်းဆီးအရေးယူမှု အခြေအနေမှာလည်း ယေဘုယျ အားဖြင့် ရဲတပ်ဖွဲ့အနေနဲ့ ဘဏ်လုယက်မှုဖြစ်စဉ်တွေနဲ့ ကျူးလွန်သူတွေကိုသာ ဖမ်းဆီး အရေးယူတာတွေ ပိုမိုလုပ်ဆောင်လေ့ရှိပြီး ရွှေဆိုင်လုယက်မှုတွေမှာတော့ ဖြစ်စဉ်စုစုပေါင်းရဲ့  ရာခိုင်နှုန်း ၂၀ ကျော်လောက်ကိုပဲ ဖမ်းဆီးအရေးယူနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထု အပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ပြည်သူ့ဆီက အာဏာကို မတရားရယူသိမ်းပိုက်ထားခဲ့တဲ့ စစ်အာဏာသိမ်းကာလ ၃ နှစ် ကျော်အတွင်းမှာလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013