DVB Logo
Home
နိုင်ငံတကာ
တရုတ်အိမ်ခြံမြေဈေးကွက်ကို ပြန်အသက်သွင်းရန် ချေးငွေအတိုးနှုန်း လျှော့ချ
DVB
·
February 20, 2024
တရုတ်အိမ်ခြံမြေဈေးကွက်ကို ပြန်အသက်သွင်းရန် ချေးငွေအတိုးနှုန်း လျှော့ချ
Donate to DVB

ရုန်းကန်နေရတဲ့ တရုတ်အိမ်ခြံမြေဈေးကွက်ကို ပြန်အသက်သွင်းဖို့ ရည်ရွယ်ပြီး ရည်ညွှန်းအပေါင်ချေးငွေ နှုန်းထားကို အကြီးမားဆုံး လျှော့ချမှုအဖြစ် ၅ နှစ်ချေးငွေ ပင်မနှုန်းထား (LPR) ကို အခြေခံ ၂၅ ပွိုင့်အထိ လျှော့ချပေးလိုက်ပါတယ်။

အရင်က ၄ ဒသမ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ပွိုင့် လျှော့လိုက်တဲ့အတွက် ၃ ဒသမ ၉၅ ရာခိုင်နှုန်းအထိ လျော့ကျသွားတာဖြစ်ပြီး ဒါဟာ ရည်ညွှန်းနှုန်းထား စတင်သတ်မှတ်တဲ့ ၂၀၁၉ နောက်ပိုင်း အကြီးမားဆုံး အတိုးနှုန်းလျှော့ချမှု ဖြစ်ပါတယ်။

အရပ်စကားနဲ့ ပြောရရင်တော့ အိမ်ခြံမြေတွေ ချေးငွေနဲ့ဝယ်တဲ့ ဘဏ်တိုးနှုန်းကို ချပေးလိုက်တာ ဖြစ်ပါတယ်။ တနှစ်ချေးငွေ ပင်မနှုန်းထားကတော့ ၃ ဒသမ ၄၅ ကနေ မပြောင်းလဲပါဘူး။

ဒီလို ရည်ညွှန်းနှုန်း ချပေးလိုက်တဲ့အခါ အပေါင်ချေးငွေစရိတ်တွေ ကျသွားတဲ့အတွက်  အိမ်ခြံမြေကဏ္ဍမှာ သိသိသာသာ သက်ရောက်လာနိုင်တယ်လို့ E-House China Research and Development Institution က လေ့လာသုံးသပ်သူ ယန်ယူကျင်းက ဆိုပါတယ်။

တရုတ်မှာ ချေးငွေအသစ်တွေနဲ့ ပေးရန်ရှိချေးငွေ အများစုက တနှစ်ချေးငွေ ပင်မနှုန်းအပေါ် အခြေခံတာဖြစ်ပြီး ငါးနှစ်နှုန်းက အပေါင်ချေးငွေတွေအပေါ် အဓိက သက်ရောက်တာ ဖြစ်ပါတယ်။

ဒီလို ဘဏ်တိုး သိသိသာသာ ချပေးလိုက်တာဟာ အတိုးနှုန်းနည်းပါးတာကြောင့် ငွေကြေးနဲ့ ဘဏ်တွေအပေါ် ဆိုးကျိုးသက်ရောက်နိုင်တဲ့အပေါ် တရုတ်အနေနဲ့ မပူပန်နိုင်တော့ဘူး ဆိုတာကို ဖော်ပြတဲ့ သဘောလို့လည်း ယူဆရပါတယ်။

ချေးငွေပင်မနှုန်းထား လျှော့ချပြီးနောက်မှာ တရုတ်ယွမ်ငွေဟာ နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်း အနိမ့်ဆုံး ရောက်သွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013