Home
အားကစား
လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် လီဗာပူးကစားသမားများ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရ
DVB
·
February 20, 2024

လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် လီဗာပူး ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူးအသင်းဟာ EFL ဖလားဗိုလ်လုပွဲအဖြစ် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင် ကစားသွားရမှာပါ။

ဗိုလ်လုပွဲစဉ်မှာ တိုက်စစ်မှူး ဒီယေဂိုဂျိုတာနဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးစ်တို့ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် လွဲချော်မှာပါ။

ဂျိုတာက ဒူးဒဏ်ရာကြောင့် ဘရန့်ဖို့ဒ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ လူစားလဲခဲ့ရပြီး နှစ်လခန့် အနားယူရနိုင်တယ်လို့သိရပါတယ်။

အလားတူ ကာတစ်ဂျုံးစ်ဟာလည်း ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး အနားယူရဖို့ ဖြစ်လာတာပါ။ နောက်ခံလူအာနိုးလ်ကို လက်လွှတ်ထားရသလို ဂိုးသမား အလက်ဆန်နဲ့ ဆိုဘိုစလိုင်း တို့ဟာလည်း ဒဏ်ရာကနေပြန်လည် သက်သာဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။

အဓိကတိုက်စစ်မှူး ဒါဝင်နူညက်ဇ်ကတော့ ကြွက်သား နာကျင်မှုကြောင့် ဘရန်ဖို့ဒ်နဲ့ပွဲမှာ လူစားလဲခဲ့ရပေမဲ့ အချိန်မီ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။

Photo-Action Image Via Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024