
အာဆင်နယ်နဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ နော်ကခံလူဂေဟီ ပါဝင်ကစားခွင့်ရဖို့ မန်စီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွါဒီယိုလာက တောင်းဆိုလိုက်ပါတယ်။
ဂေဟီဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကမှ ခရစ္စတယ်ပဲလေ့ ကနေပြောင်းရွှေ့လာသူပါ။ ဂေဟီဟာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပထမအကျော့ပွဲစဉ်ပြီးမှ မန်စီးတီးဆီ ပြောင်းရွှေ့လာတာမို့ ပြိုင်ပွဲစည်းမျဉ်းအရ ဒုတိယအကျော့အပြင် ဗိုလ်လုပွဲပါ လွဲချော်မှာပါ။
နည်းပြဂွါဒီယိုလာကတော့ ဂေဟီဟာ ဗိုလ်လုပွဲမှာ ပါဝင်ခွင့်မရှိတဲ့အပေါ် နားမလည်နိုင် အောင်ဖြစ်မိပြီး ကစားသမားတယောက်ကို ငွေကြေးများစွာသုံးပြီး ခေါ်ယူထားပေမဲ့ စည်းမျဉ်းတခု ကြောင်း စားခွင့်မရှိဘူးဆိုတာက မဖြစ်သင့်ကြောင်းနဲ့ စည်းမျဉ်းပြောင်းလဲပေးဖို့ မျှော်လင့်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
စီးတီးဟာ ဘုန်းမောက်တောင်ပံကစားသမား ဆမ်မန်ညိုကို နယူးကာဆယ်နဲ့ ပထအကျော့ပွဲ မတိုင်ခင် ခေါ်ယူထားတာကြောင့် ၂ ကျော့စလုံးမှာ ပါဝင်ကစားခွင့်ရရှိခဲ့လို့ ဗိုလ်လုပွဲမှာလည်း ပါဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Photo:Reuters










