
ဒဏ်ရာပြဿနာတွေနဲ့ ၆ လတာကာလကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောပါတယ်။
ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အာဆင်နယ် ဘယ်၊ ညာ အစွန်နောက်ခံလူတွေဖြစ်တဲ့ တင်းဘားနဲ့ ကလာဖီအိုရီတို့ ဒဏ်ရာပြဿနာတွေကြောင့် မကစားနိုင်ခဲ့ဘဲ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ညာနောက်ခံလူနေရာမှာ ပြောင်းလဲအသုံးပြုခဲ့တာပါ။
အခုနှစ်အတွင်း နောက်ဆုံးပွဲစဉ်အထိ ကစားသမားအပြည့်အစုံနဲ့ ပွဲထွက်ခွင့်မရခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ အခြေအနေက ထူးဆန်းခဲ့ပြီး ခက်ခဲတဲ့ ၆ လတာကာလကို ဖြတ်သန်းနိုင်ခဲ့တာဖြစ်လို့ နောက်ထပ် ၅ လခွဲအချိန်ကာလမှ ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။
ညာနောက်ခံလူနေရာမှာ ဘင်ဝှိုက်ကလည်း ဒဏ်ရာရရှိနေတဲ့အတွက် ဒက်ကလန်ရိုက်စ်ကို ကစားဖို့ ပြောဆိုရာမှာ ရိုက်စ်ကလည်း လက်ခံပြီး အကောင်းဆုံးကစားပြနိုင်ခဲ့ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
Photo:Reuters










