DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ စစ်မှုထမ်းရန် စစ်ကောင်စီ စာရင်းကောက်
DVB
·
February 19, 2024
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ စစ်မှုထမ်းရန် စစ်ကောင်စီ စာရင်းကောက်
Donate to DVB

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့သူတွေ ဖြစ်တာကြောင့် စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆို စာရင်းကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့‌တဲ့   ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်တဲ့အကြောင်း လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်က ဖေဖေါ်ဝါရီ ၁၀ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ပြည်သူတွေ စိုးရိမ်နေပါတယ်။

မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရဘဲ စစ်အာဏာရှင်အဆက်ဆက် ခွဲခြားဖိနှိပ်ခံရတဲ့  ရိုဟင်ဂျာတွေဟာလည်း မြန်မာပြည်မှာ နေထိုင်သူတွေပဲ ဖြစ်တယ်၊ ကိုယ့်အရပ်ကို ကိုယ်ကာကွယ်ဖို့ လက်နက်ကိုင်ရမယ်၊ သင်တန်းတွေပေးမယ်ဆိုပြီး စစ်တွေမြို့ရှိ  ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ စာရင်းတွေ လာကောက်ယူနေတာလို့ စစ်တွေဒေသခံ ရိုဟင်ဂျာ ဒုက္ခသည်တယောက်က ပြောပါတယ်

တပ်သားအင်အား လိုအပ်နေတဲ့ စစ်ကောင်စီက မောင်တော၊  ဒို့ညောင်ပင်ကြီးရွာ၊ ရွှေဇားရွာ စတဲ့ရွာတွေနဲ့ အမှတ် ၄ ရပ်ကွက်နေ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ  ၁၃ ရက်လောက်ကတည်းက တိုက်ရိုက် စည်းရုံးခဲ့ပြီး ကျန်တဲ့ရွာတွေကိုတော့ အုပ်ချုပ်ရေးမှူးတွေနေကတဆင့် ဖုန်းနဲ့ ပြောဆို စည်းရုံးနေပါတယ်၊။

လူငယ်တွေကို စစ်ပညာသင်ပေးမယ်၊ လက်နက်တွေ ပေးမယ်၊ သူတို့နဲ့အတူ စစ်ဝင်တိုက်ပေးရမယ် ဆိုပြီး ခြိမ်းခြောက်စည်းရုံးနေတယ်လို့ မောင်တောမြို့နယ်နေ ရိုဟင်ဂျာလူငယ် တယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ်မှာ  ကျေးရွာ ဥက္ကဋ္ဌ အားလုံးကို စစ်ကောင်စီ ဗျူဟာတပ်ရင်းကိုခေါ်ခိုင်းပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ရွာသားတိုင်း စစ်ရေး လေ့ကျင့်ရမယ်။ အဲဒီအသက်အပိုင်းအခြားရှိတဲ့သူတွေရဲ့ စာရင်းကို ပေးပို့ဖို့ တောင်းထားတယ်လို့  အလီချောင်း ရွာသားတယောက်က ဒီဗွီဘီကို  စာရေး‌ပေးပို့ပြောပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ ကနေ ၃၅ အတွင်းနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ မလိုက်နာတဲ့သူတွေက  ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လတ်တလော ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော ဒေသဘက်က ရိုဟင်ဂျာကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဇန်နဝါရီ  ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်အထိ ရိုဟင်ဂျာ ၄၂ ယောက် သေဆုံးခဲ့ရပါတယ်။

ရိုဟင်ဂျာကျေးရွာတွေရှိ နေအိမ်ပေါင်း ၂၅၀ လောက် မီးရှို့ခံရပြီး ရိုဟင်ဂျာ ၂၀၀၀၀ နီးပါးက စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ Rohingya FDMN Representative Committee ရဲ့ စာရင်းတွေအရ သိရပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013