DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၂၀၀ ကျော် မီးလောင်
DVB
·
February 18, 2024
ရမ်းဗြဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၂၀၀ ကျော် မီးလောင်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မြို့ထဲက နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရမ်းဗြဲမြို့၊ အမှတ် ၄ ကင်းတဲရပ်ကွက်၊ အလယ်စု ချောင်းကမ်းနားတန်းတလျှောက်မှာ မနေ့က မွန်းလွဲ ၁၂ နာရီအချိန်က တိုက်​လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက်တခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်မီးသတ်ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အရင်ဆုံး နေ့လယ် ၁၂ နာရီက တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးလာချတယ်။ ပြီးတော့ စစ်ရဟတ်ယာဉ် ၁ စီး လာပြီး မြို့ထဲကို မီးလောင်ဗုံးတွေချတာ၊  ကင်းတဲရပ်ကွက်တခုလုံး မီးလောင်ကုန်တယ်။ ညနေ ၅နာရီကျော်မှာလည်း Jet Fighter ၄ စီးနဲ့ ဗုံးလာကြဲတော့ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ် မီးလောင်သွားတာ။ ရှိတဲ့အင်အားနဲ့ ငြှိမ်းလို့တောင်မနိုင်တော့ဘူး” လို့ ပြောပါတယ်။

ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ မနက် ၁၁ နာရီခွဲကျော်ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက Y12 စစ်ထောက်ပို့ရေးလေယာဉ်တွေသုံးပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ရခိုင့်တပ်တော် အေအေကလည်’ စစ်ကောင်စီတပ်ဟာ ဖက်ဆစ်စိတ်ဓာတ်နဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ရမ်းဗြဲမြို့ကို ရေကြောင်း၊ လေကြောင်း ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တရက်တည်းမှာ ရမ်းဗြဲမြို့နဲ့ အနီးဝန်းကျင်နေရာတွေကို လေကြောင်းက ဂျက်ဖိုက်တာနဲ့ ၇ ကြိမ်ထက်မနည်း၊ Y12 ထောက်ပို့လေယာဉ်နဲ့ ၃၇ ကြိမ် လာရောက်ပြီး အကြိမ်ပေါင်း ၁၀၀ ကျော် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo - ရမ္မာမြေ Group

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013