DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲနီးချိန် အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီ၏ ဘဏ်စာရင်းများ ပိတ်ခံရ
DVB
·
February 17, 2024
ရွေးကောက်ပွဲနီးချိန် အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီ၏ ဘဏ်စာရင်းများ ပိတ်ခံရ
Donate to DVB

ဝင်ငွေခွန် ရူပီး ၂ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၃ သန်း) ကိစ္စအငြင်းပွားမှုနဲ့ပတ်သက်ပြီး အိန္ဒိယရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုမှာ အဓိက အတိုက်အခံကွန်ဂရက်ပါတီရဲ့  ဘဏ်စာရင်း တွေကို ပိတ်ခံလိုက်ရတယ်လို့ ပါတီက ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဒီလုပ်ရဟာ အိန္ဒိယဒီမိုကရေစီအပေါ် တိုက်ခိုက်မှုပဲလို့ ပါတီက ဝေဖန်ခဲ့ပြီး ဝင်ငွေခွန်ဆိုင်ရာ ခုံရုံးက အမှုကို ကြားနာမဲ့ ဖေဖော်ဝါရီ ၂၁ ရက်အထိ ပါတီငွေစာရင်းတွေကို အကန့်အသတ်နဲ့ ဖွင့်လှစ်လည်ပတ်ခွင့် ပြုပြီးသားဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

အဲဒါကို အခွန်ဌာနက ပါတီဘဏ်စာရင်းတွေကို ချက်ချင်းကောက်ပိတ်လိုက်တာဖြစ်ပြီး ဒီအတွက် ကန့်ကွက်ထားတယ်လို့လည်း ကွန်ဂရက်ပါတီဘဏ္ဍာရေးမှူး အဂျေးမာကန်က ပြောပါတယ်>

“ကျနော်တို့ ထုတ်ပေးတဲ့ ချက်လက်မှတ်တွေကို ဘဏ်က လက်မခံဘူးဆိုတဲ့သတင်း လွန်ခဲ့တဲ့ နှစ်ရက်က သိရပါတယ်။ မီတာခ ဆောင်စရာ၊ ဝန်ထမ်းတွေ လစရာပေးစရာ ပိုက်ဆံတောင် မရှိတော့ဘူး” လို့ မာကန်က ပြောပါတယ်။

အပိတ်ခံထားရတဲ့ငွေစာရင်းတွေထဲမှာ ပါတီဝင်တွေ၊ ပြည်သူတွေ လှူဒါန်းထားတဲ့ ရန်ပုံငွေတွေ ပါဝင်ပြီး အခွန်ရုံးနဲ့ဖြစ်တဲ့ကိစ္စက ၂၀၁၈-၁၉ တုန်းက အခွန်ကိစ္စအငြင်းပွားမှုသာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားတဲ့ အခွန်ရုံးသတင်းရင်းမြစ်တစ်ဦးကတော့ ကွန်ဂရက်ပါတီဟာ ဒီကိစ္စမှာ ရူပီး ၁ ဒသမ ၀၅ ဘီလျံပေးရမှာဖြစ်ပြီး နှောင့်နှေးမှုတွေရှိခဲ့တဲ့အတွက် ၁ ဒသမ ၁၅ ဘီလီယံအထိ ဒဏ်ကြေးအပါအဝင် တိုးလာတဲ့အတွက် အဲဒါနဲ့တူညီတဲ့ပမာဏကို ပါတီဘဏ်စာရင်း တွေထဲကနေ ထိန်းထားလိုက်တဲ့သဘောလို့ ဆိုပါတယ်။ 

လာမဲ့ မေလထဲမှာ ကျင်းပဖို့များတဲ့ရွေးကောက်ပွဲနီးလာချိန်မှာ အိန္ဒိယနိုင်ငံရေးကို တချိန်က လွှမ်းမိုးခဲ့တဲ့ ကွန်ဂရက်ပါတီနဲ့ အခွန်ရုံးနဲ့ ထိပ်တိုက်တွေ့တာဖြစ်ပါတယ်။ 

ကွန်ဂရက်ပါတီဟာ နိုင်ငံလုံးဆိုင်ရာလွှတ်တော်မှာရော ပြည်နယ်အများအပြားမှာ သမိုင်း တလျှောက် စံချိန်တင် အားအနည်းဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ 

၂၀၁၄ ခုနှစ်မှာ အာဏာရခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီကပဲ ဒီတခေါက်လည်း သုံးကြိမ် ဆက်နိုင်သွားမယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013