DVB Logo
Home
အားကစား
ဘရိုက်တန်နည်းပြဒီဇာဘီကို ခေါ်ယူရန်  ထိပ်တန်းကလပ်များ အပြိုင်အဆိုင်ကြိုးပမ်း
DVB
·
February 16, 2024
ဘရိုက်တန်နည်းပြဒီဇာဘီကို ခေါ်ယူရန်  ထိပ်တန်းကလပ်များ အပြိုင်အဆိုင်ကြိုးပမ်း
Donate to DVB

 

ဘရိုက်တန်နည်းပြ ဒီဇာဘီကိုခေါ်ယူဖို့ ထိပ်တန်းကလပ်တွေကအပြိုင်အဆိုင်ကြိုးပမ်းနေကြ ပါတယ်။

အီတလီနည်းပြဟာ ဘရိုက်တန်အသင်းကို တိုက်စစ်အသားပေး ကစားပုံနဲ့ စွမ်းဆောင်ရည်ကောင်း မွန်အောင် ဦးဆောင်နိုင်ခဲ့ပြီး ဥရောပထိပ်တန်းကလပ်တွေရဲ့ လေးစားချီးကျူးခံနေရတာပါ။

လက်တလောရလဒ်တွေမှာတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၈ ပွဲမှာ ၄ ပွဲသာ နိုင်ပွဲရခဲ့ပေမဲ့ ဒီဇာဘီဟာ ထိပ်တန်းအသင်းတွေရဲ့ အထင်ကြီးမှုခံနေရဆဲဖြစ်ပါတယ်။

နည်းပြကလော့ပ်ထွက်ခွါတော့မယ့် လီဗာပူးအသင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မန်ယူနိုက်တက်ကလည်း ဒီဇာဘီကိုခေါ်ယူဖို့ ကြိုးပမ်းနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဇာဘီကတော့ အသင်းရဲ့ပစ်မှတ်တွေ ပြည့်မြောက်ခြင်း ရှိ၊ မရှိဆိုတာ ရာသီကုန်မှာ အဖြေပေါ်မှာဖြစ်ပြီး အဲဒီချိန်ရောက်မှ ပြန်လည်သုံးသပ်မှုတွေလုပ် ဆောင်သွားမှာဖြစ်ကြောင်း အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013