DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးချုပ် ၁ ဦးကို အေအေက အရှင်ဖမ်းမိ၊ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆေးကုပေး
DVB
·
February 15, 2024
ဗိုလ်မှူးချုပ် ၁ ဦးကို အေအေက အရှင်ဖမ်းမိ၊ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆေးကုပေး
Donate to DVB

ရခိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် တယောက်ကို အရှင်ဖမ်းမိ၊ ဗိုလ်မှူးကြီး တယောက်ကို အသေဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေနဲ့ တပ်သားတွေကို  ဆေးကုသပေးနေတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အေအေရဲ့ ဆေးတပ်ဖွဲ့ဝင်တွေက ဆေးဝါးကုသမှုပေးခဲ့တဲ့သူတွေထဲမှာ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဖြစ်တဲ့ ဒု-ဗိုလ်မှူးကြီး ညီညီဝင်းလည်း ပါဝင်ပါတယ်။

သူ့ကို ဖမ်းဆီးမိတဲ့အချိန်မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေက ဒဏ်ရာတွေကြောင့် သေလုမျောပါးဖြစ်နေခဲ့ကာ အခုအချိန်မှာတော့ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားတဲ့အတွက် အသက်ဘေးကနေ ကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်းကိုတော့ ဖေဖော်ဝါရီ ၇  ရက် မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း ကယ်ဆယ်ချိန်မရလိုက်ဘဲ အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲမှာ အသက်လုထွက်ပြေးလာချိန် တပ်ဖွဲ့ဝင်တချို့နဲ့အတူ အရှင်လက်ရဖမ်းဆီးမိခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။ 

NB AA Save

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013