DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူအလွန်များပြားသဖြင့် လူဦးရေကန့်သတ်
DVB
·
February 15, 2024
ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူအလွန်များပြားသဖြင့် လူဦးရေကန့်သတ်
Donate to DVB

စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီကကြေညာလိုက်ပြီးနောက် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ ခုလတ်တလော ထိုင်းဗီဇာလျှောက်ထား သူအရေအတွက် များပြားနေတာကြောင့် သံရုံးတာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၄ ရက်နေ့စွဲနဲ့ စည်းကမ်းချက် အသစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါစည်းကမ်းချက်မှာ ဗီဇာလျှောက်ထားသူအရေအတွက် တရက်ကို လူဦးရေ ၄၀၀ ပဲလက်ခံမယ်၊ တန်းစီစနစ်ကျင့်သုံးမှာဖြစ်ပြီး တိုကင်နံပါတ်တွေကို ရုံးဖွင့်ချိန်မတိုင်ခင် မြန်မာ စံတော်ချိန် မနက် ၈ နာရီခွဲက စပြီးဝေငှမယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ပတ်စပို့နဲ့ သေချာစစ်ဆေးပြီး မှန်ကန်မှကာယကံရှင်ကိုယ်တိုင် မိမိ တိုကင်ပြားကို ထုတ်ရမှာဖြစ်ကြောင်း၊ တိုကင်ပြားကိုအလွဲသုံးစားလုပ်တာ၊ အတုအပ လုပ် တာကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်မှာဖြစ်ပြီး အမည်ပျက်စာရင်းထဲသွင်းမယ်လို့ ဆိုပါ တယ်။

ဗီဇာလျှောက်လွှာတွေကို  ရုံးဖွင့်ချိန် မနက် ၉ နာရီမှစတင်လက်ခံမှာဖြစ်ပြီး လျှောက်လွှာ မတင်ခင် လျှောက်လွှာတင်မယ့်သူနဲ့ တိုကင်နာမည်စာရင်းပေးသူရဲ့ ပတ်စပို့စ်ကိုက်ညီမှု ရှိမရှိစစ်ဆေးမယ်၊ ကောင်တာမှာ လျှောက်လွှာတင်ပြီးရင် တိုကင်နံပါတ်တွေကို ပြန်ပေးရမယ်လို့ဆိုပါတယ်။

ဗီဇာလျှောက်ရာမှာလည်း လိုအပ်တဲ့အချက်တွေကို ကြေညာချက်ပါ QR Code မှာ scan ဖတ်ပြီး စစ်ဆေးနိုင်တယ်၊ စာရွက်စာတမ်းအချက်အလက်မပြည့်စုံရင် လျှောက်လွှာလက်ခံမှာမဟုတ်၊  တိုကင်နံပါတ်ပျောက်ဆုံး/ပျက်စီးသွားရင်လည်း ဗီဇာလျှောက်လွှာလက်ခံမှာမဟုတ်ဘူးလို့ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး အဓမ္မ စစ်သားစုဆောင်းနေတာကြောင့်  လူငယ်လူရွယ်တွေဟာ  နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေတာဖြစ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေနဲ့ ပြည်ပ လေယာဉ် ခရီးစဉ် ကြိုတင် ဘိုကင်လုပ်သူတွေလည်း ပိုလို့ တိုးများလာနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013