DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ပြည်သူ့စစ်သင်တန်းဆင်း အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ
DVB
·
February 13, 2024
တောင်တွင်းကြီးတွင် ပြည်သူ့စစ်သင်တန်းဆင်း အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူး ၂ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး ၂ ရပ်ကွက်၊ အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၁ နာရီခွဲက ပျဥ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၂ ဦး ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ရခိုင်ဘုရားကြီးဝင်းထဲက ထမင်းဆိုင်မှာ ပစ်သွားတာ၊ ပျဥ်းချောင်းက အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ခေါင်းကိုကျည်မှန်ပြီး သေတာ။ ကျန်တဲ့ ရာအိမ်မှူးနှစ်ယောက်က ရင်ဘတ်မှာ ကျည်ထိမှန်ဒဏ်ရာနဲ့သေတာ။”

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ သုံးဦးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီက တောင်တွင်းကြီး ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်‌ခဲ့ရာ မိသားစုတွေက ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ သင်္ဂြိုဟ်ဖို့ အလောင်းလာထုတ်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“စစ်တပ်က အုပ်ချုပ်ရေးမှူးတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ တပ်ထောက်ခံသူတွေကို ပြည်သူ့စစ်သင်တန်းပေးတယ်။ လက်နက်တော့ ထုတ်မပေးဘူး။ သင်တန်းပြီးတော့ ၃ ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ၁ ယောက် ပစ်သတ်ခံရတယ်။ ၁၂ ရက်မှာ ၃ ယောက် ပစ်သတ်ခံရတယ်။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူ့စစ်သင်တန်းအတွက် လိုက်ပြီး စည်းရုံးတာမျိုး မလုပ်ဖို့ မှာထားရတယ်။”

​ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁ နာရီခွဲက ပြည်သူ့စစ်သင်တန်းအတွက် စည်းရုံးရေးဆင်းနေတဲ့ ရွှေအင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း တောင်တွင်းကြီး-ရွှေအင်ပင် ကျေးရွာသွားလမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစတင်ကာ စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ တပ်ထောက်ခံသူတွေကို ပြည်သူ့စစ်သင်တန်း စတင်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူလေးဦးမှာ ပြည်သူ့စစ်သင်တန်း အမှတ်စဥ် ၁/၂၀၂၄ မှ သင်တန်းဆင်းသူနှစ်ဦးနဲ့ ၂/၂၀၂၄ မှ သင်တန်းဆင်းထားသူနှစ်ဦး ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013