DVB Logo
Home
နိုင်ငံတကာ
စူပါဘိုးလ်ဗိုလ်လုပွဲ၌ အနိုင်ရပြီးနောက် ကမ္ဘာ့ထိပ်ဆုံးရောက်သလို ခံစားရဟု တေလာဆွစ်ဖ်၏ ချစ်သူ ကယ်လ်စီ ပြော
DVB
·
February 13, 2024
စူပါဘိုးလ်ဗိုလ်လုပွဲ၌ အနိုင်ရပြီးနောက် ကမ္ဘာ့ထိပ်ဆုံးရောက်သလို ခံစားရဟု တေလာဆွစ်ဖ်၏ ချစ်သူ ကယ်လ်စီ ပြော
Donate to DVB

ဂရမ်မီနဲ့ စူပါဘိုးလ် အောင်ပွဲကြောင့် မိမိတို့ချစ်သူစုံတွဲ ကမ္ဘာ့ထိပ်ဆုံးရောက်သလို ခံစားရတယ်လို့ တေလာဆွစ်ဖ်ရဲ့ချစ်သူ NFL ချန်ပီယံ Kansas City Chiefs အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ထရာဗစ်ကယ်လ်စီက ပြောပါတယ်။

“ဘယ်စုံတွဲက ဒီထက်ပိုကောင်းတဲ့ ရက်သတ္တပတ်မျိုး ပိုင်ဆိုင်နိုင်မလဲ။ ဂရမ်မီဆုတွေရော အခု စူပါဘိုးလ်ရော ရတာဆိုတော့လေ” ဆိုတဲ့ သတင်းထောက်တယောက်ရဲ့ မေးခွန်းကို ကယ်လ်စီက အခုလို ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဆွစ်ဖ်က ဂရမ်မီနှစ်ဆု ထပ်ရခဲ့ပြီး Album of the Year ဆုကို စံချိန်တင်အဖြစ် လေးကြိမ်မြောက် ရရှိခဲ့ပါတယ်။

အဲဒီလိုပဲ Kansas City Chiefs ကစားသမား ကယ်လ်စီကလည်း စူပါဘိုးလ် လို့ခေါ်တဲ့ အမေရိကန်ဘောလုံးလိဂ် (NFL) ဗိုလ်လုပွဲကို ငါးနှစ်အတွင်း သုံးကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘောလုံးပရိသတ်တွေနဲ့ ကင်မရာတွေ၊ ရောင်စုံစက္ကူစတွေကြားမှာ ဆွစ်ဖ်နဲ့ ကယ်လီစီတို့ အောင်ပွဲခံ နမ်းရှုပ်နေကြပုံဟာ ၅၈ ကြိမ်မြောက် စူပါဘိုးလ် ဗိုလ်လုပွဲရဲ့ ဇာတ်ရှိန်အတက်ဆုံးပုံရိပ် ဖြစ်ခဲ့ပါတယ်။

သူတို့စုံတွဲရဲ့ အချစ်ဇာတ်လမ်းကြောင့် လူစိတ်ဝင်စားမှု ပိုများလာတဲ့ အမေရိကန်ဘောလုံးပွဲစဉ်တွေထဲမှာ အခုဗိုလ်လုပွဲကတော့ ရုပ်သံကကြည့်ရှုသူ ၁၂၃ သန်းနဲ့ အများဆုံး စံချိန်တင်နိုင်ခဲ့ပါတယ်။

သက်ဆိုင်ရာနယ်ပယ်တွေမှာ အထူးချွန်ဆုံး၊ အအောင်မြင်ဆုံး ဖြစ်နေကြတဲ့ ဒီစုံတွဲ သတင်းဟာ အမေရိကန်မီဒီယာတွေမှာ နေရာယူထားပြီး အမေရိကရဲ့ တော်ဝင်စုံတွဲလို့တောင် ကင်ပွန်းတပ်ခံရပါတယ်။

တဖက်မှာတော့ သူတို့ဆက်ဆံရေးဟာ အရမ်းယုတ္တိမတန်လွန်းနေပြီး အများစိတ်ဝင်စားအောင် ပူးပေါင်းကြံစည်မှုတခုလို့လည်း ဝေဖန်တာတွေ ရှိနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013